လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ

လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘင်္ဂလီများ က ရေခဲချောင်းရောင်းသူ ရခိုင်လူငယ်တဦးအား ၀ိုင်းရိုက်လိုက်ပြီးနောက် စစ်တွေမြို့အခြေနေမှာ တင်းမာနေသည်။

ယနေ့ နေ့လည် ၂နာရီခန့် အချိန်တွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက် (ဘင်္ဂလီအများစုနေထိုင်ရာ) အင်ဘာလာလမ်းဆုံတွင် ရေခဲချောင်းရောင်းသည့် ရခိုင်ကလေးငယ်တဦးမှာ ဖြတ်သွားစဉ် ဘင်္ဂလီများမှ ခေါ်ယူပြီး ၀ိုင်းရိုက်ကြရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။
narinjara281
” အဲဒီ ရေခဲချောင်းရောင်းတဲ့ ရခိုင်ကောင်လေးက အင်ဘာလာလမ်းဆုံက မင်းဗာကြီးလမ်းအတိုင်း ဖြတ်သွားတယ်။ ဒီတော့ အဲဒီနားမှာ ရှိတဲ့ ဘင်္ဂလီတွေက ရေခဲချောင်း ၀ယ်မလိုနဲ့ ခေါ်လိုက်တယ်။ သူတို့အကွက်နားက လမ်းကြားနားကိုရောက်ရော့ ၀ိုင်းရိုက်ကြတယ်။ ဒါကို တခြားရခိုင်တွေက မြင်ကြ၊ ကြားကြတော့ ရိုက်ကြတဲ့သူတွေက အင်ဘာလာထဲကိုဝင်ပြေး သွားတယ်။ အဲဒီနောက်ပိုင်းမှာ အခြေနေက တင်းမာနေတာ” ဟု ဆိုသည်။

အဆိုပါ ကလေးငယ်မှာ စစ်တွေမြို ့ကျေးတော ရပ်ကွက်နေ အဖ ဦးစောမောင် ၏သား မောင် အောင်နိုင်ဦး အသက် (၁၂) ဖြစ်ကြောင်း သိရှိရသည်။

” ကောင်လေး သေတယ်လို့တော့ သတင်း ဖြစ်နေတယ်။ သေတယ်၊  မသေဘူး လားဆိုတာတော့ အတိအကျမသိသေးဘူး။ အဲဒီကောင်လေးကို စစ်တွေ စစ်တပ်ဆေးရုံးကို စစ်သားတွေ ယူသွားတယ်လို့ ပြောပါတယ်။ အခြေနေ တော်တော်ဆိုးတယ်လို့ တော့ ပြောတာပဲ။”

အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံ အမျိုးသမီးတဦးကလည်း ” အပြင်မှာတော့ တော်တော်ကို ဆူနေပါတယ်။ စစ်သားတွေ၊ ရဲတွေလည်း အများကြီးပဲ။ ဒေသခံရခိုင်တွေပါ၊ ဘုန်းကြီးတွေပါ ရောက်နေကြတယ်။ တချို့ကတော့ အဲဒီကလေးကို မတွေ့သေးဘူးလို့ ပြောပါတယ်။ စစ်တပ်ဆေးရုံကို ယူသွားတယ်လို့လည်း ပြောကြပါတယ်။”  ဟု နိရဥ္စရာသို့ပြောသည်။

ယခုအခါ မင်းဗာကြီးလမ်းတလျှောက် အင်ဘာလာအနီးတဝိုက်တွင် စစ်သား၊ ရဲသားများကို လုံခြံုရေးအပြည့် ချထားပြီး မည်သူမှ ဖြတ်သန်းခွင့်မပြုပဲ လမ်းပိတ်ထားသည်။

စစ်တွေဒေသခံ ရခိုင်လူထုအနေဖြင့်လည်း အဆိုပါကိစ္စအတွက် မကျေမနပ်ဖြစ်ကာ ဒေါသပေါက်ကွဲနေကြပြီး အင်ဘာလာအနီး တဝိုက်တွင် စောင့်ဆိုင်းနေကြကြောင်း စစ်တွေမှ ပေးပို့သော သတင်းများအရ သိရသည်။

Most read this week