ကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ကို မြေမျိုရာမှ ရခိုင် ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရွှေစေတီ ဆရာတော်က ပြောကြား

ကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးနဲ့ အဖွဲ့ကို မြေမျိုရာမှ ရခိုင် ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ရွှေစေတီ ဆရာတော်က ပြောကြား
by -
နိရဥ္စရာ

အမေရိကန် အာရှနဲ့ ပစိတ်ဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph  Yun နဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို စက်တင်္ဘာလ ၈ ရက်နေ့ကနေ ၉ နာရီထိ လာရောက် လည်ပတ်သွား ခဲ့ပါတယ်။

ရခိုင်ကို လာလည်တဲ့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးနဲ့ အဖွဲ့ ။

အခုလို လာရောက် လည်ပတ်စဉ်မှာ ရခိုင် လူထု လူတန်းစား အဖွဲ့ပေါင်းစုံက လူပုဂ္ဂိုလ်တွေ၊ ရဟန်းတော်တွေ၊ နိုင်ငံရေး ပါတီက ခေါင်းဆောင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ နဲ့ ပတ်သက်ပြီး မေးမြန်း စုံစမ်းမူတွေ ပြုလုပ်သွားခဲ့ပါတယ်။

အဲသလို တွေ့ဆုံခဲ့ကြတဲ့ သူတွေ အထဲမှာ စစ်တွေ ရွှေစေတီကျောင်း ဆရာတော် အရှင် အာရိယသံသနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဗဟိုကော်မီတီဝင် ဦးစံကျော်လှတို့ ပါ၀င်ကြပါတယ်။

ဆရာတော် အာရိယာ ၀ံသကိုတော့ စက်တင်္ဘာလ ၈ ရက်နေ့မှာ လာရောက် တွေ့ဆုံခဲ့ပြီး ဖြစ်ပေါ်ခဲ့ တဲ့ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး အမြင်သဘောထားတွေကို မေးမြန်းခဲ့တယ်လို့  အရှင်ဘုရားက မိန့်ကြားပါတယ်။

“ ဘုန်းဘုန်းတို့နဲ့ တွေ့တဲ့အထဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yun နဲ့ အမေရိ ကန်သံအမတ်ကြီး Mr Derek Mitchell တို့ အဖွဲ့သုံး ဦးပါတယ်။ အဲဒီအ ဖွဲ့နဲ့ ဆွေးနွေး ကြတဲ့အထဲမှာ ခုရခိုင်ပြည်မှာ  ခုဖြစ်ပွားနေတဲ့ တည်ငြိမ်ရေးနဲ့ ပြန်လည် ထူထောင်ရေး ကိစ္စတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရွှေစေတီ ဆရာတော်မှ ရခိုင်ပြည်နယ် အတွင်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူများကို လူ့အခွင့်အရေး ချိုးဖေါက်နေတယ်လို့ နိုင်ငံတကာမှ စွပ် စွဲ  ပြောဆိုနေကြတာတွေဟာ  မဟုတ်မှန်ကြောင်း ဆရာတော်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ အဓိကဆွေးနွေးလိုက်တဲ့ အထဲမှာ  ဒီပြဿနာက မလိုလား အပ်ဘဲ ဘုန််းဘုန်းတို့ ရခိုင််တိုင်း ရင်းသားတွေကနေပြီးတော ဒီဘင်္ဂလီတွေကို နည်းအမျိုးမျိုးနဲ့  ခြိမ်းခြောက် သတ်ဖြတ် နေတယ်လို့ နိုင်ငံ တကာက စွပ်စွဲပြောဆိုမှုဟာ ဒါလုံးဝ မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ကြတဲ့ အတွက် မေတ္တာတရား လက်ဝယ်ထားပြီး ဘာသာတရားနဲ့ အညီ နေထိုင်ကြသူတွေပါ။ လူမျိုးပေါင်းစုံ ဘာသာစုံနဲ့ လက်တွဲနေထိုင်လာခဲ့ကြသူတွေပါ။ ခုဖြစ်နေတဲ့ ပြဿနာက ဘင်္ဂလီ လူမျိုးတွေက ရခိုင် မြေကို မျိုလာတဲ့ ပြဿနာကြောင့် ဒီလိုဖြစ်လာတာပါ။ ဒီလူမျိုးုဟာ ဦးဇင်းတို့ ရခိုင်ပြည်မှာ ၁၉၄၂-ခုက စပြီး ၂၀၁၂-ခုနှစ်အထိ ဒီလိုပြ ဿနာမျိုး ၆ကြိမ်မြောက်ရှိပြီး ဒီကိစ္စဟာ မြေမျိုမှု ပြဿနာလို့ ဦးဇင်းတို့က ရှင်းပြခဲ့တယ်။”

ဒါ့အပြင် ဆရာတော်က “ ဘုန်းဘုန်းတို့က အဲဒီငြိမ်းချမ်းရေး ကိစ္စကို နိုင်ငံတကာနဲ့ နိုင်ငံတနိုင်ငံရဲ့ ဥပဒေနဲ့ ထမဆုံး ဘာမေးရမှာလဲ ဆိုလို့ရှိရင် အမေရိကန်နိုင်ငံမှာ မက်ဆီကို လူမျိုးနဲ့  စပိန် လူမျိုးတွေကို နိုင်ငံသားဖြစ်ခွင့် နိုင်ငံသားမဖြစ်ခွင့်ဆိုတဲ့ ဥပဒေတွေရှိတယ်။ နောက်ပြီးတော့ ထိုင်းနိုင်ငံမှာလဲဘဲ မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေတဲ့ မြန်မာ နိုင်ငံသား တွေဟာ ထိုင်းနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် မရဘဲနဲ့ ဒီဒုက္ခသည်စခန်းမှာဘဲ ဒုက္ခသည်အဖြစ်နဲ့ နေ ကြရတယ်။ ရခိုင်ပြည်နယ်မှာလည်းဘဲ  ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်တဲ့ ဘင်္ဂလီတွေနဲ့ နိုင်ငံသား မဖြစ်တဲ့ ဘင်္ဂ လီတွေကို ၂ပိုင်းခွဲပြီးတော့ စဉ်းစားရမယ်။ နိုင်ငံသားဖြစ်တဲ့ ဘင်္ဂလီတွေကို မြေနဲ့ အိမ်ရှိတဲ့နေရာမှာ ထားပြီးတော့ နိုင်ငံသား မဖြစ်တဲ့ဥပဒေကို ဘုန်းဘုန်းတို့ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာ ယူအန်အသိုင်းအဝိုင်းတွေနဲ့ UNHCR တွေနဲ့ ပူးပေါင်းပြီးတော့ လူ့အခွင့်အရေးအနေနဲ့ သူတို့ကို ဒီဒုက္ခသည် စခန်းမှာ အစီအစဉ်တကျနဲ့ထား သင့် တယ်။ အဲဒီတော့ ၂ပိုင်းခွဲပြီးမှ ဒီပြဿနာဟာ ငြိမ်းသတ်မယ်။ ဒါမှမဟုတ်ရင် ဘုန်းဘုန်းတို့ ဒီလို ခွဲမထားဘဲနဲ့ နိုင်ငံသားဖြစ်သူ၊ နိုင်ငံသား မဖြစ်သေးသောသူ စတာတွေကို  အကုန်လုံးရောထွေးပြီး ထားရင်  ရှုပ်ထွေး ကုန်လိမ့်မယ်။ ဒီလို ထားရင် ပြဿနာဟာ ပြန်ပြီးတော့ ဖြစ်လာနိုင်တယ်။ ဦးဇင်းတို့ ဒီကိစ္စတွေကို အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးတို့ကို ရှင်း ပြပါတယ်” လို့ ဆိုပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးမှလည်း တုန့်ပြန် ပြောဆိုမူများ ပြုလုပ်ခဲ့ တယ် လို့ ပြောပါတယ်။

“ သူတို့ကတော့ ဒေသအရေးမှာ အောက်ခြေအဆင့်က ဖြစ်နေတဲ့ ပဋိပက္ခပြဿ နာတွေ၊ နောက်ပြီးတော့ နိုင်ငံတကာ နည်းလမ်း ဥပဒေတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ဒီလို ငြိမ်းချမ်းရေးအတွက် ဘုန်းဘုန်းတို့လမ်းပြ ပြောဆိုတာကို အထူး ကျေးဇူးတင်ပါတယ်။ ဘုန်းဘုန်းတို့ အမြော်အမြင်တွေကိုလည်း အလေးထားပါတယ်လို့ ပြောသွားပါတယ်” လို့ ပြောဆို သွားပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဗဟိုကော်မတီ ဦးစံကျော်လှတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အပေါ် သူက အခုလို ပြောပါတယ်။

“ သူတို့က ဒီမှာ ပြဿနာက ဘယ်လို ဘယ်လိုဖြစ်ကြတာလဲ။ ခုဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဘယ်လို ဆောင်ရွက်ရင် တ ဖက်နဲ့ တဖက်အေးချမ်းမှုကို ရနိုင်မှာလဲဆိုတဲ့ အဲဒီကိစ္စကိုဘဲ ဆွေးနွေးကြတာပါ။ ကျွန်တော်တို့က ဘာပြန်ပြောခဲ့သလဲ ဆိုရင် သူတို့ဟာ အဓိကတော့ ရိုဟင်ဂျာဆိုပြီး တိုင်းရင်းသား ဖြစ်ချင်နေတဲ့ ဆန္ဒရှိနေတယ်။ ပြီးရင်ကျွန် တော်တို့ ရခိုင်ပြည်ရဲ့ မြေအစိတ်အပိုင်း တချို့ကို သူတို့ လိုချင်နေတယ်။ အဲဒါကြောင့် ဒီပြဿနာဟာ ဖြစ်လာတာဘဲလို့ တင်ပြတယ်။ သူတို့ဟာ ဘယ်လိုမှ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတိုင်းရင်းသား အဖြစ်နဲ့ သတ်မှတ်မယ့်အခြေ အနေမှာမရှိပါဘူး။ အဲဒါကို ရခိုင့် တမျိုးသားလုံးကလဲ သဘောတူနိုင်မှာ မဟုတ်ပါဘူးလို့ ပြောဆိုခဲ့တယ်။ အနာဂတ် ငြိမ်းချမ်းရေး ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်မှ တဖြည်းဖြည်းပြောလို့ ရမယ်။ ခုပြောလို့တော့ မသင့်တော်သေးဘူး” လို့ ဦးစံကျော်လှက ပြောပါတယ်။

ဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသားများ ပါတီဘက်က ဗဟိုကော်မီတီဝင်များ ဖြစ်ကြသည့် ဦးစံကျော်လှ၊ ဦးခင်မောင်ကြီးနှင့် ဦးဦးရွှေမောင်တို့ ပါ၀င်ကြပါတယ်။

Most read this week