ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိ

ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ထိ ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူ အတွင်း သေဆုံးသူ ၂၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထုတ်ဖေါ် ပြောဆိုသည်။

29-man-die-in-arakan-news-press
သေဆုံးသူ ၂၉ ဦးထဲတွင် ၁၃ ဦးမှာ ရခိုင်ဖြစ်ပြီး ၁၆ ဦးမှာ မူဆလင် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး  ဗိုလ်မှူးကြီး ထိန်လင်းက ယမန်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဒဏ်ရာရသူ ၃၈ ဦးထဲတွင် ရခိုင််လူမျိုး ၁၆ ဦး ဖြစ်ပြီး  မူဆလင် ၂၂ ဦးဖြစ်သည်။

မီးရှို့ဖျက်အဆီးခံရသည့် အိမ်ခြေအရေအတွက်မှာ ၂၅၂၈ လုံးရှိပြီး  ရခိုင်အိမ် ၁၁၉၂ လုံးနှင့် မူဆလင်အိမ် ၁၃၃၆ အိမ် ဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းနှင့် ဗလီ ရ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ပြောသည်။

မီးရှို့ဖျက်ဆီးခံရသည့် အထဲတွင် စာသင်ကျောင်း တစ်ကျောင်းလည်း ပါ၀င်သွားကြောင်း သိရသည်။

ဒုက္ခသည် အဖြစ် ခိုလုံနေသူ ၃၁၈၈၄ ဦးရှိပြီး လက်ရှိ စခန်း ၃၇ ခု ဖွင့်လှစ် လက်ခံထားကြောင်း ဗိုလ်မှူးကြီး ထိ်န်လင်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ ရခိုင်လူမျိုးအတွက် ဖွင့်လှစ်ထားသော စခန်းက ၁၅ ခုရှိပြီး လူဦးရေ ၅၉၆၀ ရှိကြောင်းနှင့် မူဆလင် အတွက် စခန်း ၂ ခု ရှိပြီး လက်ခံထားသူ အရေ အတွက် ၁၈၈၈၆ ရှိသည်ဟု ပြောသည်။

ပေါက်တောမြို့တွင် မူဆလင် အတွက် စခန်း ၂ ခု ဖွင့်ထားပြီး လူဦးရေ ၁၅၀၀ ရှှိကာ ပုဏ္ဍားကျွန်းတွင် စခန်း ၄ ခုဖွင့်လှစ်ပြီး ၂၇၀၄ ဦးရှိကြောင်း သိရသည်။ ရသေ့တောင်တွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း စသည့် နေရာ ၁၄ နေရာတွင် ခိုလုံုနေထိုင်သူ ၃၀၀၄ ဦးရှိကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ပြောသည်။

စစ်တွေတွင် မီးရှို့ရန် စီစဉ် ပြုလုပ်နေသူ ၂၉ ဦးအားလည်း ဓါတ်ဆီး ပုလင်းများနှင့် အတူ ဖမ်းဆီးထား ကြောင်း သိရသည်။

Most read this week