မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ

မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ
by -
နိရဥ္စရာ

ယခုအခါ မောင်တောမြို့သို့  အစိုးရ အဆင့်မြင့် အရာရှိများ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာပြီ ဖြစ်သဖြင့် ခိုကိုးရာမဲ့ ဖြစ်နေကြသော လူထုကြီးမှာ စိတ်သက်သာရ ရရှိခဲ့့ကြောင်း ဒေသခံ တစ်ဦးကို မေးမြန်းစဉ် ပြောကြားသည်။

မြန်မာမှစစ် ရဟတ်ယာဉ်
“ အခုဘဲ မောင်တော ဘော်လုံးကွင်းမှာ ရဟတ်ယာဉ်တွေ ဆင်းနေတဲ့ အသံကို ကြားရပါတယ်။ လူကြီးတွေလည်း ပါလာတယ်လို့ ပြောပါတယ်။ ရဟတ်ယာဉ်တွေ အသံကြားရတာ ကြောက်စိတ်တွေ ပျောက်ပြီး စိတ်သက်သာရာ ရသွားပါတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

ရဟတ်ယာဉ် ဆင်းသက်သည့် အသံများကြားသော်လည်း ဘော်လုံးကွင်းထိ သွားမကြည့်ရဲသဖြင့် စစ်ရဟတ်ယာဉ်လား၊ အရပ်ဘက် ရဟတ်ယာဉ်လားဆိုသည်ကို သူမသိကြောင်း ပြောကြားသည်။

ရဟတ်ယာဉ်များဖြင့် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာရာ အနောက်ပိုင်းတိုင်း တိုင်းမှူးနှင့် ၀န်ကြီး  တစ်ဦး၊ တခြားပြည်နယ်အဆင့် ၀န်ကြီးများလည်း ပါ၀င်လာကြောင်း ဒေသခံ ၀န်ထမ်းတစ်ဦးက ပြောသည်။

“ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင်နဲ့ ၀န်ကြီးတွေ ပါလာပါတယ်။ အခု မီးတိုက်ခံရတဲ့ မောရဝတီ၊ ရွှေရင်အေးတို့ကို သွားကြည့်ပါတယ်။ အဲဒီမှာ မောရဝတီမှာ အိမ်ခြေ ၁၀၆ ဆောင်မှာ တစ်ဆောင်ဘဲ ကျန်တယ်။ အကုန်လုံး မီးရှို့ခံရတယ်။ လူတွေ ခိုကိုးရာမဲ့ ဖြစ်နေကြပါတယ်”ဟု သူက ပြောသည်။

မောရဝတီမှာလည်း ဘုန်းကြီးကျောင်းတွင် နေထိုင်သူ လူကြီး တစ်ဦး အသတ်ခံရသည်မှာ သေချာသော်လည်း ကလေးငယ်များ သေဆုံးမူ ရှိသည်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း သူက ပြောသည်။

တခြားမီးတိုက်ခံရသော ကျေးရွာများမှာ ကိုင်းကြီး၊ ရွှေရင်အေး၊ သရေကုန်ဘောင် အပါအဝင် အဆိုပါ ပတ်ဝန်းကျင်တွင် (၈) ရွာခန့်ရှိကြောင်း သူက အတည်ပြု ပြောကြားသည်။

Most read this week