ဘူးသီးတောင် စိုင်းတင်ချောင်းဖျားတွင် ဓါးပြတိုက်၊ လူတဦးသေဆုံး

ဘူးသီးတောင် စိုင်းတင်ချောင်းဖျားတွင် ဓါးပြတိုက်၊ လူတဦးသေဆုံး
by -
ခိုင်သိန်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ စိုင်းတင် ချောင်းဖျားတွင် ဓါးပြတိုက်မှုတခုဖြစ်ပေါ်ခဲ့ပြီးဓါးပြ တိုက်ခံရသူ အိမ်ရှင်ကိုပါဓါးပြများက သတ်ပစ်ခဲ့ သည် ဟု သိရသည်။

" ဒီလ ၂ ရက်နေ့က စိုင်းတင်ချောင်းဖျားမှာရှိတဲ့ ဘော်ကလီကျေးရွာက ဦးအောင်သာဖြူအိမ်ကို ဓါးပြ တိုက်ပြီး ပစ္စည်းတွေ၊ ရွေတွေကို ယူသွားတဲ့အပြင် ဦးအောင်သာဖြူကိုပါ ဓါးပြတွေက သတ်ပစ်ခဲ့ပါတယ်" ဟု ဒေသခံ တဦးက နိရဥ္စရာသို့ ပြောသည်။

အသတ်ခံရသူ ဦးအောင်သာဖြူမှာ အသက် ၅၄ နှစ်ရှိပြီး သူ၏အလောင်းကို သက်ဆိုင်ရာသို့ ယူဆောင်မသွား ဘဲ ဒေသခံ စစ်တပ်မှ သေဆုံးပြီး နောက်တရက်နေ့တွင် အဆိုပါ ကျေးရွာတွင် သဂြိုလ်ခိုင်းခဲ့သည်ဟု သိရ သည်။

" ဓါးပြတွေက ဦးအောင်သာဖြူအိမ်မှာ ရှေးဟောင်း ငွေဒင်္ဂါးတွေရှိနေတာကို သတင်းရထားတဲ့ အတွက် ဓါးပြ ၀င်တိုက်တာ ဖြစ်ပါတယ်။ ဓါးပြတွေက ငွေဒင်္ဂါးတွေ မရမချင်းနှိပ်စက်ပြီးတော့ ငွေဒင်္ဂါးတွေ ရသွားတာနဲ့ သူ့ကိုပါ အသေ သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်"ဟု အဆိုပါ ဒေသခံက ပြောသည်။

ဦးအောင်သာဖြူ အိမ်မှ ရှေးဟောင်းငွေဒင်္ဂါးပြား ၃၀၊ မြန်မာကျပ်ငွေ ၂ သိန်းနှင့် ရွှေ ၂ ကျပ် ယူဆောင်သွား ကြောင်း သိရသည်။

အဆိုပါ ဓါးပြတိုက် လူသတ်မှုနှင့် ပတ်သက်၍ ဘူးသီးတောင် ဖုံညိုလိပ်၊ စကခ ၉ လက်အောက်ခံ ခမရ တပ် ရင်း ၂၃၆ မှ သေဆုံးသွားသူ ဦးအောင်သာဖြူအိမ်ကို သွားပြီး စုံစမ်းစစ်ဆေးခဲ့သည်ဟု သိရသည်။

ဓါးပြများကို ယခုအခါ ခမရ ၂၃၆ မှ ဘော်ကလီကျေးရွာနှင့် အနီးအနားရှိ သံစွေကျေးရွာမှ ကျေးရွာသားများ ကို စစ်ဆေးမှုများ ပြုလုပ်နေသည့်အပြင် စိုင်းတင်ချောင်းဝကိုလည်း ပိတ်ထားပြီး လိုက်လံရှာဖွေ နေသည်ဟု သိရ သည်။

Most read this week