ဆရာတော် ဦးဥတ္တမကြေးရုပ်တွင် ပန်းခွေချ ပူဇော်မည့် အစီအစဉ် ခွင့်ပြုချက် မရသေး

ဆရာတော် ဦးဥတ္တမကြေးရုပ်တွင် ပန်းခွေချ ပူဇော်မည့် အစီအစဉ် ခွင့်ပြုချက် မရသေး
by -
နိရဥ္စရာ သတင်းဌာန

စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံရှိ ဆရာ တော်ကြေးရုပ်ရှေ့တွင် လွှမ်းသူပန်းခွေချ ပူဇော်မည့် အခမ်းအနား အစီအစဉ်ကို ရခိုင် ပြည်နယ် အစိုးရမှ ယခု အချိန်ထိခွင့်ပြုချက်မပေးသေး ကြောင်း သတင်း ရရှိသည်။

U-Ottama-Arakan" ကျွန်တော်တို့ပါတီက ဆရာတော် ဦးဥတ္တမနေ့ မှာ ဆရာတော်ကြေးရုပ်ရှေ့မှာ လွှမ်းသူပန်းခွေချ အလေးပြုဖို့ အစီအစဉ်တွေ လုပ်ထားတယ်။ ဆီးမီး ပူဇော်ပြီး ဆရာတော်ကို ဂုဏ်ပြုဖို့ လုပ်ထားတယ်။ ဒီလို အစီအစဉ်တွေကို ပြည်နယ် အစိုးရဆီ တင်ပြပြီး ခွင့်ပြုချက်တောင်းခံထားပါတယ်။ ဒါပေမယ့် အခုအချိန်ထိ ခွင့်ပြုချက် မရသေးပါဘူး" ဟုပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက ပြောသည်။

၂၀၁၁ ခုနှစ် စက်တင်္ဘာ ၉ ရက်နေ့မှာ ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ဖြစ်သဖြင့် ဆရာတော်အား ဂုဏ်ပြုပူုဇော်ခွင့်ရရန် ရတပ ပါတီက ခွင့်ပြုချက် တောင်းခံထားခြင်း ဖြစ်သည်။

" ဆရာတော်က မြန်မာ လွတ်လပ်ရေး မီးရှု့တန်ဆောင်ဆိုတော့ ဘယ်လို အခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် ဆရာတော်ကို ကြည်ညိုလေးစားတဲ့ သူတွေက ဂုဏ်ပြုချင်ကြတာပါဘဲ။ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ သတိရတဲ့ အနေနဲ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ နောက်ကွယ်က ဘာရည်ရွယ်ချက်မှ မပါ၀င် ပါဘူး" ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရမှ ယနေ့တွင် အဆိုပါ ရတပ ပါတီမှ ခွင့်ပြုချက် တောင်းခံထားခြင်းနှင့့် ပတ်သက်ပြီး အစည်းအဝေးထိုင်နေကြရသည်ဟု သိရသည်။

စစ်တွေမြို့သူ မြို့သားများ အနေဖြင့်လည်း ရတပ ပါတီက ခွင့်ပြုချက်တောင်းခံမူ အပေါ် ရခိုင်ပြည်နယ် အစိုးရမှ ခွင့်ပြုချက် ပေးမည် မပေးမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။

စစ်တွေမြို့ ဆရာတော် ဦးဥတ္တမ ပန်းခြံရှိ ဆရာတော် ဦးဥတ္တမ ရုပ်ထုအား ဦးဥတ္တမနေ့တွင် ပြည်သူများ လာရောက် ဂါရဝပြုခြင်း၊ ဆီးမီးပူဇော်ခြင်းများကို အာဏာပိုင်များက တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်။

အတည်မပြုရသေးသော သတင်းများအရ ယနေ့မှ စပြီး ဦးဥတ္တမပန်းခြံတွင် လုံခြံုရေးများ တိုးမြှင့် ချထားလိုက်ပြီ ဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

ယခုနှစ်တွင် ကျရောက်မည့် ရ၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ် တဝန်းတွင် အကြီးအကျယ် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အနည်းဆုံး မြို့နယ် (၁၅) ခုတွင် ကျင်းပ ဖြစ်မည်ဟု ရတပပါတီ ခေါင်းဆောင်က ပြောသည်။

Most read this week