ရခိုင်ပြည်နယ်၏ အရေးကြီးသော လဝက ၀န်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း

ရခိုင်ပြည်နယ်၏ အရေးကြီးသော လဝက ၀န်ကြီးဌာန စစ်ဝန်ကြီးသို့ လွဲပြောင်း
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် အစိုးရ၏အရေးကြီးသောဝန်ကြီး ဌာန များထဲတွင် တစ်ခု အပါအဝင် ဖြစ်သော လူဝင်မူ ကြီးကြပ်ရေး (လဝက) ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီး လက်ထဲသို့ လွဲပြောင်း ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

" သူ့ကို ရာထူးက ဖယ်ရှားလိုက်တာတော့ မဟုတ်ပါဘူး။ သူကိုင်နေတဲ့ ၀န်ကြီးဌာန (၂) ခုထဲက အရေးကြီးတဲ့ လဝက ၀န်ကြီးဌာနကို စစ်တပ်က လာတဲ့ ဗိုလ်မှူးကြီး ထိန်လင်း လက်ထဲကို လွဲပြောင်း လိုက်တာ ဖြစ်ပါတယ်။ သူရဲ့ သာသနာရေး ၀န်ကြီးဌာနကတော့ သူလက်ထဲမှာ ကျန်ရှိနေမှာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တစ်ဦးက ပြောသည်။

ယခု လဝက ၀န်ကြီးဌာနကို စစ်တပ် ၀န်ကြီးလက်သို့ လွှဲပြောင်းပေးလိုက်သူ ၀န်ကြီးမှာ လဝကနှင့် သာသနာရေး ၀န်ကြီးဌာကို ပူးတွဲ ကိုင်ထားခဲ့သူ ဦးလှဟန် ဖြစ်သည်။ ဦးလှဟန်သည် သံတွဲ အမှတ် (၁) မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် အမတ် ဖြစ်သည်။

ယခုကဲ့သို့ လဝက ၀န်ကြီးဌာကို စစ်တပ် ၀န်ကြီးလက်သို့ လွဲပြောင်း လိုက်ရသည့် အကြောင်းအရင်းကို လည်း သူက ယခုကဲ့သို့ ပြောသည်။

" ဒီဌာနက ရခိုင်ပြည်နယ်မှာတော်တော့ကို အရေးကြီးတဲ့ ဌာန ဖြစ်တယ်။ အထူးသဖြင့် ဘူးသီးတောင်နဲ့ မောင်တောဘက်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံသား ဖြစ်ရေး မဖြစ်ရေး စတဲ့ ပြဿနာတွေဟာ လဝက ၀န်ကြီးဌာနနဲ့့ သက်ဆိုင်နေတာမို့ အထူး အရေးကြီးပါတယ်။ ဒီလို ဌာနကို ဦးလှဟန်ထက် စစ်တပ် ၀န်ကြီးက ကိုင်တာဟာ ပိုသင့်တော်တဲ့ အတွက် ၀န်ကြီးဌာနကို ခုလိုလွဲပေးလိုက် တာပါ" ဟု သူက ပြောသည်။

ဗိုလ်မှူးကြီး ထိန်လင်းမှာ ယခင် နယ်စပ်ရေးရာ ၀န်ကြီး ဖြစ်ပြီး ယခုအခါ ၀န်ကြီးဌာန (၂) ခုစလုံးကို ပူးတွဲ ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

" ဗိုလ်မှူးကြီး ထိန်လင်းကတော့ မျိုးချစ်စိတ် ရှိသူ တစ်ဦး ဖြစ်ပါတယ်။ လွှတ်တော်မှာလည်း အေးအေးဆေးနဲ့ ပြောဆို ဆွေးနွေးတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် လဝက ၀န်ကြီး ဖြစ်လာတဲ့ နောက်ပိုင်းမှာ သူ့ကို ဟိုက အစာကျွေးလိုက်ရင် သူ့အနေထားက ပြောင်းလဲ သွားမလား။ ဘယ်လို ဖြစ်လာမလဲ ဆိုတာကတော့ မပြောတတ်ဘူး။ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" ဟု ပြည်နယ် လွှတ်တော် အမတ် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင် ဘာသာဝင်များကို လက်ရှိ အစိုးရမှလည်း နိုင်ငံသား အဖြစ် အသိအမှတ် မပြုဘဲ ဧည့်နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားပြီး လူမျိုးကိုလည်း ဘင်္ဂလီ လူမျိုးအဖြစ် အစိုးရက တရားဝင် ခေါ်ဆိိုသုံးနုန်းကြောင်း သိရသည်။

ထိုမွတ်ဆလင်များ၏ နိုုင်ငံသား အဖြစ် အသိအမှတ် ပြုရေး မပြုရေးမှာ အထူးအရေးကြီးသဖြင့် ယခုအခါ အရပ်ဝတ်ဖြင့် တိုင်းပြည် အာဏာကို ဆက်လက် ရယူထားသော စစ်အစိုးရ၏ ပြည်နယ် ဆိုင်ရာ စစ်တပ် ၀န်ကြီး တစ်ဦး လက်သို့ ထိုအရေးကို ကိုင်တွယ်နေသည့် လဝက ၀န်ကြီး ဌာနကို လွဲပြောင်း ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

Most read this week