စစ်တွေတွင် ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကပ်

စစ်တွေတွင် ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကပ်
by -
နိရ ဉ္ဇရာသတင်း

ရခိုင်ပြည်မြို့တော် စစ်တွေတွင် ယနေ့နံနက်က ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကို နေရာ အနှံ့အပြားတွင် ကပ်၍ တွေ့ကြရကြောင်း မြို့ခံများက ပြောသည်။ ...

ရခိုင်ပြည်မြို့တော် စစ်တွေတွင် ယနေ့နံနက်က ၂၁ ရာစု ပင်လုံသို့ ငြိမ်းချမ်းရေး ပိုစတာများကို နေရာ အနှံ့အပြားတွင် ကပ်၍ တွေ့ကြရကြောင်း မြို့ခံများက ပြောသည်။

sittwe-postaအမည်မဖေါ်လိုသူ အမျိုးသမီး တစ်ဦးက " မနက် ၆ နာရီ မိုးလင်းတာနဲ့ ပိုစတာတွေကို တွေ့ရပါတယ်။ အစပိုင်းတော့ အစိုးရက ကပ်တဲ့ ပိုစတာလို့ ထင်ခဲ့ပါတယ််။ ရဲတွေက လိုက်ခွာနေတာကို တွေ့ရမှ ဒီပိုစတာတွေဟာ ဒီမိုရေစီ အရေး လူပ်ရှားနေသူတွေက ကပ်သွားတယ်ဆ်ိုတာကို သဘောပေါက်ကြပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ကပ်သွားတယ်ဆိုတာတော့ မသိပါဘူး" ဟု ပြောသည်။

အဆိုပါ ပိုစတာထဲတွင် အပေါ်ပိုင်းတွင် ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ဟု ပါရှိပြီး အလယ်တွင် တိုင်းရင်းသား လူမျိုး ၈ မျိုးက လက်ချင်းချိတ်ပြီး မြန်မာ့ လွတ်လပ်ရေး ကျောက်တိုင်ကို ၀ိုင်းရံထားကာ အောက်တွင် ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါစို့ဟု ပါရှိသည်။ ပိုစတာ၏ အောက်ဆုံးတွင် ၂၁ ရာစုပင်လုံသို့ ဟု ပါရှိကြောင်း သိရသည်။

တခြား လူငယ် တစ်ဦးကလည်း " ကျောင်းဆိုင်းဘုတ်တွေနဲ့ အစိုးရ ဌာနဆိုင်ရာ ဆိုင်းဘုတ်တွေ မှာလည်း ကပ်ထားတာကို တွေ့ရပါတယ်။ စစ်တွေ တမြိုှု့လုံးမှာ ကပ်ထားတာကို တွေ့ရပါတယ်။ ပိုစတာလေးက ထူးထူးခြားခြား ဖြစ်နေတာ့ လူတွေက စိတ်ဝင် တစား ကြည့်ကြပါတယ်။ မနက် ၈ နာရီမှာတော့ ရဲတွေက မော်တော် ဆိုင်ကယ်တွေနဲ့ လာပြီး ကပ်ထားတဲ့ ပိုစတာတွေကို ခွာပြီး သိမ်းယူသွားပါတယ်" ဟု ပြောသည်။

အဆိုပါ ပိုစတာ ကပ်မူကြောင့် ဖမ်းဆီးမူများ၊ မေးမြန်းမူများ ယခုအချိန်ထိ မရှိသေးကြောင်းနှင့် အခြေအနေမှာ ပုံမှန် အနေအထား အတိုင်းပင် ရှိနေကြောင်း သူက ပြောသည်။

သို့သော်လည်း ပိုစတာတွင် ငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံဟူ သော စာသားများ ပါ၀င်သဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များကို သံသယ ဖြစ်နိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

Most read this week