Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည်

Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည်
by -
မဇ္စျိမ

GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ် အားမိတ်ဆက် သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင်ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။

“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ်သစ်တွေကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိခဲ့ပြီး ဒုတိယ အစီးက ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ပါတယ်။ ဒုတိယ ရောက်ရှိတဲ့ လေယာဉ်သစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဇန်နဝါရီ ၁၁ မှာ မိတ်ဆက် ပျံသန်းပါမယ်” ဟုမြန်မာလေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က မဇ္စျိမကို ပြောသည်။

ယင်းလေယာဉ်များမှာ ဘရာဇီးနိုင်ငံရှိ Embraer-190 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဂျီအီးကုမ္ပဏီမှ ထုတ်လုပ်သော စက်များကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ပြီး အင်ဂျင်စွမ်းရည် ကောင်းမွန်သည်။ Air Bus –A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထားသိုရန် နေရာကျယ်ဝန်းခြင်း၊ အခြား Regional Jet များထက် သာလွန်ခြင်း၊ လေယာဉ်ပျံသန်းမှု တလျှောက်တွင် ထိခိုက်မှု တကြိမ်သာဖြစ်ခဲ့ခြင်း စသည့် အားသာချက်များ ရှိသည်ဟု ဆိုသည်။

“Embraer-190 လေယာဉ်သစ် နှစ်စီးလုံးကို အိန္ဒိယနိုင်ငံ၊ ဂါယာ-ချန်နိုင်းတို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်-ချင်းမိုင်တို့ကို ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။ လေယာဉ်ငှါးရမ်းခက မြင့်ပေမယ့် လေယာဉ်ခကို စျေးမတက်ဘဲ ပြေးဆွဲနိုင်အာင်ဆောင်ရွက်နေပါတယ်။ စျေးတက်ခဲ့ရင်တောင် ကျပ် ၅,၀၀၀ လောက်ပဲ တက်မှာပါ” ဟု ဦးသန်းထွဋ် က ဆက်လက်ပြောကြားသည်။

ထိုလေယာဉ်များအား GE Capital Aviation Services မှ ငှါးရမ်းခအဖြစ် တစီးလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်းမှ သန်း ၄၀ အထိ မြန်မာလေကြောင်းက အသုံးပြုထားကြောင်း သိရှိရသည်။

Embraer-190 လေယာဉ်သစ် ဇန်နဝါရီ ၁၁ ရက် စတင်ပျံသန်းမည်

ခင်မျိုးသွယ် | အင်္ဂါနေ့၊ ဇန်နဝါရီလ ၀၈ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၀၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ရန်ကုန် (မဇ္စျိမ) ။    ။ အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ငှါးရမ်းခဲ့သော ဒုတိယမြောက် Embraer-190 လေယာဉ်သစ်
အား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် စတင် ပြေးဆွဲမည်
ဖြစ်ကြောင်း သိရသည်။

“မြန်မာလေကြောင်းမှာ အသုံးပြုဖို့ Embraer-190 လေယာဉ်သစ်တွေကို ငှါးရမ်းအသုံးပြုရာမှာ ပထမ တစီးက ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိခဲ့ပြီး ဒုတိယ အစီးက ဇန်နဝါရီ ၆ ရက်က ရောက်ရှိခဲ့ပါတယ်။ ဒုတိယ ရောက်ရှိတဲ့
လေယာဉ်သစ်ကို မိတ်ဆက်တဲ့အနေနဲ့ ရန်ကုန်-မန္တလေး ခရီးစဉ်ကို ဇန်နဝါရီ ၁၁ မှာ မိတ်ဆက် ပျံသန်းပါမယ်” ဟု
မြန်မာလေကြောင်းမှ အထွေထွေ မန်နေဂျာ ဦးသန်းထွဋ် က မဇ္စျိမကို ပြောသည်။

ယင်းလေယာဉ်များမှာ ဘရာဇီးနိုင်ငံရှိ Embraer-190 လေယာဉ်ကုမ္ပဏီမှ ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံ အခြေစိုက် ဂျီအီးကုမ္ပဏီမှ ထုတ်လုပ်သော စက်များကို တပ်ဆင်အသုံးပြုထားခြင်း ဖြစ်သည်။ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ပြီး အင်ဂျင်စွမ်းရည် ကောင်းမွန်သည်။ Air Bus –A320 လေယာဉ်များထက် ထိုင်ခုံနေရာ ကျယ်ဝန်းခြင်း၊ ပစ္စည်းထား
သိုရန် နေရာကျယ်ဝန်းခြင်း၊ အခြား Regional Jet များထက် သာလွန်ခြင်း၊ လေယာဉ်ပျံသန်းမှု တလျှောက်တွင် ထိခိုက်မှု တကြိမ်သာဖြစ်ခဲ့ခြင်း စသည့် အားသာချက်များ ရှိသည်ဟု ဆိုသည်။

“Embraer-190 လေယာဉ်သစ် နှစ်စီးလုံးကို အိန္ဒိယနိုင်ငံ၊ ဂါယာ-ချန်နိုင်းတို့နှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်-ချင်းမိုင်တို့
ကို ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်။ လေယာဉ်ငှါးရမ်းခက မြင့်ပေမယ့် လေယာဉ်ခကို စျေးမတက်ဘဲ ပြေးဆွဲနိုင်အာင်
ဆောင်ရွက်နေပါတယ်။ စျေးတက်ခဲ့ရင်တောင် ကျပ် ၅,၀၀၀ လောက်ပဲ တက်မှာပါ” ဟု ဦးသန်းထွဋ် က ဆက်လက်
ပြောကြားသည်။

ထိုလေယာဉ်များအား GE Capital Aviation Services မှ ငှါးရမ်းခအဖြစ် တစီးလျှင် အမေရိကန်ဒေါ်လာ ၂၈.၅ သန်း
မှ သန်း ၄၀ အထိ မြန်မာလေကြောင်းက အသုံးပြုထားကြောင်း သိရှိရသည်။