အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း
by -
မဇ္ဈိမ

ပြည်ထောင်စုအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။

အဆိုပါအဖွဲ့အနေဖြင့်  နိုင်ငံရေး စီးပွားရေး၊ လုံုခြံုရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့် တပြေးညီထုတ်ပြန်ပေးခြင်း၊ အခါအားလျော်စွာလိုအပ်ချက်ရှိပါက သတင်းစာ ရှင်းလင်းပွဲများ တာဝန်ယူပြုလုပ်ပေးခြင်းနှင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေးအခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန်မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖြန့်ချီခြင်းနှင့် ဝန်ကြီးဌာန အသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေးအဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း စသည်တို့ လုပ်ဆောင်မည်ဟု သိရသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သိမ်းက အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး သမ္မတ ဦးစီးရုံးမှ ဒုတိယညွန်ကြားရေးမှုးချုုပ် ဦးရဲမင်း၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်၊ နိုင်ငံတော်သမ္မတရုံးမှ ညွန်ကြားရေးမှုး ဦးမိုးကျော်အောင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးမှ ညွန်ကြားရေးမှုး ဦးအောင်စိုးသိန်း တို့မှာ အဖွဲ့ဝင်များဖြစ်ကြသည်။

ထို့အပြင် နိုင်ငံတော် သမ္မတရုံးမှ ညွှန်ကြားရေးမှူး နောက်တဦး ဖြစ်သူ ဦးဉာဏ်ထွန်းအား အတွင်းရေးမှူးအဖြစ် ဖော်ပြထားသည်။