ချင်းတောင်ပိုင်း မြ့ုိနယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော

ချင်းတောင်ပိုင်း မြ့ုိနယ်များတွင် ရောဂါထူပြောလာဟု အန်ဂျီအိုပြော
by -
ဇလပ်မေ
ချင်းပြည်နယ်တောင်ပိုင်း မြ့ုိနယ်များမှ အိန္ဒိယ-မြန်မာနယ်စပ် အခမဲ့ဆေးခန်းသို့ လာရောက် ဆေးကုသသူ ၁၅ ဆကျော် မြင့်တက်လာကြောင်း အန်ဂျီအိုအဖွဲ့ တခုက ပြောဆိုလိုက်သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအတွင်း မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြ့ုိများမှ လူနာ တထောင်ကျော် ...

အိုက်ဇော (မဇ္ဈိမ) ။     ။ ချင်းပြည်နယ်တောင်ပိုင်း မြ့ုိနယ်များမှ အိန္ဒိယ-မြန်မာနယ်စပ် အခမဲ့ဆေးခန်းသို့ လာရောက် ဆေးကုသသူ ၁၅ ဆကျော် မြင့်တက်လာကြောင်း အန်ဂျီအိုအဖွဲ့ တခုက ပြောဆိုလိုက်သည်။

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအတွင်း မတူပီ၊ ထန်တလန်နှင့် ပလက်ဝမြ့ုိများမှ လူနာ တထောင်ကျော်သည် မြန်မာနယ်ခြားနှင့် နီးကပ်စွာ တည်ရှိသော အိန္ဒိယပိုင် မီဇိုရမ်ပြည်နယ် မောလရဲ ကျေးရွာရှိ အခမဲ့ဆေးခန်းသို့ လာရောက်ကုသခဲ့ရာ ယခင်နှစ်အတွင်းက ပျှမ်းမျှအားဖြင့် တလလျှင် ၆၆ ဦးမှ မြင့်တက်လာခြင်း ဖြစ်သည်။  

ဆေးခန်းကို Community-based Health Care Programme – CBHCP အဖွဲ့က ၂ဝဝ၆ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခြင်း ဖြစ်ကာ ကနေဒါနိုင်ငံမှ ဒေါက်တာဆူး၊ အာမေးနီးယား ဆေးတက္ကသိုလ်တွင် ဆေးပညာသင်ယူနေသူ ချင်းအမျိုးသား ဒေါက်တာဆာဆာတိုလည်း လှည့်လည် ဆေးကုသပေးနေခဲ့သည်။

"စားသောက်စရာ မရှိတော့ လူတွေဟာ အာဟာရ ချို့တဲ့လာပြီး၊ ရောဂါဖြစ်ပွားမှု ပိုများလာတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ လလယ်ပိုင်းက အခမဲ့ ဆေးကုပေးတဲ့အခါ ပြည်တွင်းကနေ လူပေါင်း တထောင်ကျော် လာကြတယ်။ အဲဒီမှာ ထူးထူးဆန်းဆန်း တွေ့ရတာက အဖျားလက္ခဏာမတွေ့ရပေမယ့် သွေးစစ်ကြည့်တော့ ငှက်ဖျားပိုး ပီအက်ဖ်ကို တွေ့ရတယ်" ဟု ကျန်းမာရေးမှူး ဆလိုင်းယူနီတီက မဇ္ဈိမကို ပြောသည်။

ရောဂါသည်အများစုမှာ အသက် ၄၅ နှစ်အောက်နှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်များ ဖြစ်သည်။

သွေးအားနည်းရောဂါသည် ၂၁၉ ဦး၊ အကြောရောဂါတမျိုးဖြစ်သည့် ္ဘနမမပ ္ဘနမမပ ရောဂါသည် ၁၄၅ ဦး၊ သံကောင်ပိုးတွေ့ရှိသူ ၁၂၉ ဦး၊ ငှက်ဖျား ၁၉၅ ဦး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားသည့်ရောဂါသည် ၉၆ ဦးနှင့် ဖျားနာသူများပါဝင်သည်ဟုဆိုသည်။

လူကြီးများတွင် အစာအိမ်ရောဂါ၊ ကလေးသူငယ်များတွင် အာဟာရချို့တဲ့မှု ရောဂါ၊ ကိုယ်ဝန်ဆောင်များတွင် ကလေးပျက်ကျသည်များ တွေ့ရကြောင်း သူက ဆက်ပြောသည်။   

မတူပီမြ့ုိနယ်မှ ရွာသားတဦးက "ကျနော်တို့ရွာက ဆေးရုံနဲ့ အလှမ်းဝေးတယ်။ ကျန်းမာရေးလုပ်သားတွေလည်း မရှိဘူး။ အခုလို နယ်စပ်ဆေးခန်းမှာပဲ လာပြရတာ။ အခုလည်း သား မျက်စိလာပြတာ" ဟု ပြောသည်။  

၂ဝဝ၆ ခုနှစ်မှစ၍ ချင်းပြည်နယ်တွင် အစာရှာပါးမှုပြသာနာကြောင့် နောက်ဆက်တွဲဖြစ်လာရသည်ဟု ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုသည်။  

မောလရဲဆေးခန်း၏ မှတ်တမ်းအရ ချင်းပြည်နယ် အစာရေစာခေါင်းပါးမှု အကျိုးဆက်ကြောင့် ၂ဝဝ၈ ခုနှစ်အတွင်း မတူပီမြ့ုိနယ်မှ လုံန်မာ၊ စဘောင်းသဲ၊ ဒါလင်း၊ တောလာလုံကျွဲ၊ ထန်တလန်မြ့ုိနယ်မှ ခေါ်ပီးလူ၊ ဖာတလန်း၊ သေဆုံးသူ ၂ဝ ကျော်ရှိခဲ့ပြီး၊ အိန္ဒိယနယ်စပ်ကျေးရွာများဖြစ်သည့် ကျန်ပွီး၊ ကျီးလူး၊ မောလရဲများတွင် သေဆုံးသူပေါင်း ၃ဝ ကျော် ရှိခဲ့ကြောင်း သိရသည်။   

Most read this week