Published
Monday, January 20, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ မြို့ကိုရတဲ့အထိ တိုက်ခိုက်သွားမယ်လို့ KIO ပြော
- ကချင်ပြည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မြို့ကိုရတဲ့အထိ တိုက်သွားမယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ -KIO က ပြောဆိုလိုက်ပါတယ်။
- ကယားပြည်နယ်နေ့မှာ ကရင်နီပြည်ထဲရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်မိသားစုဝင် ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။
- စစ်ရေးပဋိပက္ခတွေကို လျော့ချဖို့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဖြစ်ပေါ်လာအောင် လုပ်ဆောင်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့ - 7 EAO Alliance က ပြောဆိုလိုက်ပါတယ်။