Published
Thursday, January 16, 2025
နေအိမ်ရှိပေမဲ့ အေးစက်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး တောတောင်တွေထဲ သွားရောက်အိပ်စက်နေရတဲ့ စစ်ဘေးရှောင်များ
- ကရင်နီပြည်ရဲဌာန(KSP) စိုးမိုးနယ်မြေမှာ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း KSP က ဖမ်းဆီးအရေးယူတဲ့ အမှုပေါင်း ၁၄၉ မှုရှိပြီး မူးယစ်ဆေးဝါးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက စစ်ကောင်စီရဲ့ရွှေတဂူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ကလေးစစ်သားတစ်ဦးဖမ်းဆီးရမိခဲ့ပါတယ်။
- စစ်ရှောင်စခန်းမှာ အမိုးအကာလုံတဲ့နေအိမ်ရှိပေမဲ့ စစ်ဘေးရှောင်တွေဟာ ဆောင်းရာသီရဲ့ အေးစက်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး တောတောင်တွေထဲ သွားအိပ်နေရပါတယ်။ ဘာကြောင့်တောတောင်ထဲ သွားအိပ်နေရသလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။