အခြေခံကျန်းမာရေးစောင့်ရှောက်မှုများသာ ဗန်းမော်မြို့ဆေးရုံတွေမှာကုသနိုင်

အခြေခံကျန်းမာရေးစောင့်ရှောက်မှုများသာ ဗန်းမော်မြို့ဆေးရုံတွေမှာကုသနိုင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ ပြင်းထန်တဲ့ကျန်းမာရေးကိစ္စရပ်တွေကို  ကုသနိုင်ခြင်းမရှိတော့ပဲ ဖျားနာ၊ ချောင်းဆိုးတို့လို အခြေခံကျန်းမာရေးတွေကိုသာ ကုသနိုင်တော့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“ဗန်းမော်မှာတော့ ကျန်းမာရေးကဏ္ဍတော့ နည်းနည်းကြီးကြီးမားမားဖြစ်လာရင် ဘာမှလုပ်မရတော့ဘူး။ ကျွန်တော့မိတ်ဆွေတစ်ယောက်ရဲ့သား ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်တာ မန္တလေးထိခေါ်လာရတာ ခေါင်းထဲမှာ သွေးတွေဘာတွေခဲတာ ခွဲထုတ်လိုက်ရတာလေ။ အခုလိုကိစ္စ အက်ဆီးဒင့်ဖြစ်တာတွေ၊ ဒဏ်ရာရတာတို့ရဲ့ ကုသမှုအခန်းကဏ္ဍတို့အတွက် ဒီမှာမဖြစ်နိုင်တော့ဘူးပေါ့" လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့ခဲ့ရသူကို မန္တလေးမြို့သို့ ပို့ဆောင်ခဲ့ဖူးသူ ဗန်းမော်မြို့အတွင်းနေထိုင်သူတစ်ဦးက အခုလို ပြောပြတာပါ။

ဗန်းမော်မြို့က ပြည်သူ့ဆေးရုံကြီးနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ  အထွေထွေရောဂါကုဆရာဝန်အနည်းငယ်သာ ကျန်ရှိနေပြီး အထူးကုဆရာဝန်တွေကတော့  မြို့ကြီးများသို့ပြောင်းရွှေ့ခြင်းများနဲ့ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ခဲ့မှုများကြောင့် အရေးပေါ်ကုသနိုင်ခြင်းများ ခက်ခဲနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခင်နှစ်တွေမှာ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြာင်း သုံးမျိုးနဲ့ ကုန်စည်များတင်သွင်းနိုင်ခဲ့ပေမယ့် ယခုအခါ ကုန်စည်တွေအပြင် လိုအပ်တဲ့ဆေးဝါးများကိုလည်း လေကြောင်းလိုင်းတစ်ခုတည်းကနေသာ သယ်ယူတင်သွင်းနေရတာကြောင့် ဆေးဝါးတွေကိုလည်း လုံလုံလောက်လောက်ရရှိနိုင်ခြင်း မရှိတော့ဘူးလို့ ဆိုကြပါတယ်။

“ကျန်းမာရေးစောင့်ရှောင့်မှုအပိုင်းပြောရရင်တော့ လုံးဝ တအားကျသွားပြီ၊ လုံးဝမရှိတာတော့မဟုတ်ဘူး။ ရှိတယ်ဆိုရင်တောင် အနိမ့်ဆုံးအဆင့်ရောက်သွားတဲ့ ပုံစံမျိုးဖြစ်သွားတယ်" လို့ သူက ဆက်ပြောပြပါတယ်။

ယခင်က အနီးတစ်ဝိုက်မြို့တွေနဲ့ ကျေးလက်ကျေးရွာတွေက ကျန်းမာရေးကိစ္စရပ်များအတွက် ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကိုသာ အားထားခဲ့ကြရတာဖြစ်ပြီး  ယခုမြို့တွင်းမှာ အထူးကုဆရာဝန်များ မရှိခြင်း၊ဆေးဝါးမလုံလောက်ခြင်းနဲ့ လူဦးရေထူထပ်နေခြင်းများကြောင့် အခက်အခဲကြုံနေကြရတာ ဖြစ်ပါတယ်။

ဗန်းမော်ခရိုင်အတွင်းမှာ  ၂၀၂၁ ခုနှစ် စာရင်းအရ အစိုးရ ဆေးရုံ ၁၄ ရုံ ၊ ကျေးလက်ကျန်းမာရေးဌာန ၁၅၀ ကျော်ရှိကာ ဆရာဝန်ဦးရေ ၅၀ နဲ့ သူနာပြုများ ၊ ဆေးမှူးများ စုစုပေါင်း  ၂၅၀ ကျော်နဲ့ ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပေမယ့် လက်ရှိမှာတော့ ဆရာဝန်ဦးရေ ဆယ်ဂဏန်းခန့်သာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။

Photo Credit- Khit Thit Media Page

Most read this week

ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ
April 11, 2025
ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ...
မန္တလေးမြို့တွင်း ကယ်ဆယ်ရေးလုပ်ငန်းခွင်များအတွင်း တွေ့ရသည့် နိုင်ငံခြားသားများ။
April 10, 2025
မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ကယ်ဆယ်ရေး လာရောက်ကူညီကယ်ဆယ်ကြတဲ့...
April 2, 2025
Photo - ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် တိုက်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ...
March 21, 2025
ဗန်းမော်မြို့နယ်က တိုက်ပွဲမဖြစ်ပွားတဲ့ မအူပင်ကျေးရွာအုပ်စုရှိ  ကျေးရွာ (၈) ရွာမှာ...