လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တို့က မီးရှို့ဖျက်ဆီး

လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်အဖွဲ့တို့က မီးရှို့ဖျက်ဆီး

- ဖားကန့်နဲ့တနိုင်းကိုသွားတဲ့ လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာက နေအိမ် ၁၀၀ ခန့်ကို စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တို့က မီးရှို့ဖျက်ဆီးလိုက်ပြီး အရပ်သား ၁၅ ယောက်ထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

- ဝိုင်းမော်မြို့နယ် ဒဘတ်ယန်နဲ့ကစူးကျေးရွာကြား စီးဆင်းနေတဲ့ ဒဘတ်ချောင်းဟာ ရွှေတူးဖော်မှုတွေကြောင့် ရေညစ်ညမ်းသွားပြီး ချောင်းရေပျက်စီးစပြုနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

- မြန်မာ့နိုင်ငံရေးအကြပ်အတည်းကြောင့် လူငယ်တွေအမြောက်အများ ပညာရေးအခွင့်အလမ်း ဆုံးရှုံးနေရချိန်မှာ လူငယ်တွေ ဘယ်လိုနည်းလမ်းနဲ့ ပညာရေးကို ရှေ့ဆက်နိုင်မလဲဆိုတဲ့  ပညာပေးရုပ်သံတွေ ထုတ်လုပ်ပြီး အမြဲဝေမျှပေးနေတဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ  International Christian University မှာ ပညာသင်ဆုရထားပြီး ကျောင်းတက်နေတဲ့ ကချင်လူငယ်တစ်ဦးရဲ့ အကြောင်းကိုလည်း တင်ဆက်ထားပါတယ်။

Most read this week

December 18, 2025
- ကရင်နီပြည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ‌...
December 17, 2025
- ရွေးကောက်ပွဲကျင်းပမယ့်ရက် နီးလာတဲ့အချိန် တနိုင်းမြို့နယ် မှော်ဒေသဘက်မှာ တိုက်ပွဲတွေ...
December 17, 2025
- အုပ်ချုပ်နယ်မြေတွေ ကျယ်ပြန့်လာနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ထိတွေ့ဆက်ဆံပြီး ဒေသန္တရ...
December 16, 2025
- စစ်ကော်မရှင်ကို အမြန်ဆုံးအရေးယူပေးဖို့ မြောက်ဦးဆေးရုံဗုံးကြဲမှု နစ်နာသူမိသားစုဝင်တွေက...