ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ

ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ
ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ
ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ဟုမ္မလင်းမြို့နယ်အတွင်း ငွေသားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရ

ငလျင်ကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့တွင် ငွေသားပြတ်လပ်မှုများ တစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့် ဒေသခံများက ဆိုသည်။

ထိုငွေသားပြတ်လပ်မှုတွေကြောင့် ရွှေစျေးနှုန်းများသည် စျေးကွက်ပေါက်စျေးထက် များစွာစျေးနှိမ်ပြီး ပန်းတိမ်နှင့် ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဝယ်ယူနေကြသည်။

ဒါ့အပြင် လက်ရှိ သင်္ကြန်ကာလနီးလာတာကြောင့် ငွေသားလိုအပ်ချက်တွေလည်းမြင့်လာပြီး ရွှေစျေးနှုန်း စျေးနှိမ်ဝယ်ယူနေကြသော်လည်း လုပ်ငန်းရှင်များက ရောင်းချနေရသည်ဟု သိရသည်။

“ရွှေစျေးကလည်း မနေ့တုန်းက အနေအထားအရတော့ သူတို့ပြန်တော့ ပြင်ခဲ့တယ်။ သို့သော် ပေါက်စျေးအတိုင်း မရဘူး။ ပေါက်စျေးက သိန်း ၆၀ ကျော်တယ်လေ။ အခုကတော့ ၅၀ ဝန်းကျင်နားမှာပဲ။ ဟိုနေ့က ကျွန်တော်မေးတာကတော့ ၄၀ ကျော်ပဲပေးတာ။ ရောင်းတဲ့သူတွေက ရှိလားဆိုတော့ ရှိတာပါ့ မရှိလို့လည်း မရဘူးလေ။ အခုက သင်္ကြန်နားနီးလာတော့မျှောသူ/သားတွေ ၊ ဒီဇယ်ဖိုးတွေ၊ အိတ်ဖတ်ဖိုးတွေ၊ ဆန်ဖိုး ဆီဖိုးတွေ အစအဆုံးရှင်းရတော့တာလေ။ သင်္ကြန်ဆိုတော့ မျှောသားတွေက ပြန်ရတဲ့အတွက် ငွေက ရှင်းရမှာဆိုတော့ ငွေသားက မရှိတော့တဲ့အတွက် ရောင်းချပြီးတော့မှ ရှင်းရတာပေါ့” လို့ ဒေသခံတစ်ဦးက ဆိုသည်။

ထိုရှားပါးမှုကို  ဖြေရှင်းနိုင်ဖို့အတွက် ငွေထုတ်/ငွေလွှဲဆိုင်များက ငွေသားဖြင့် ငွေလာလွှဲသူများကို ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးအပ်မှုတွေနဲ့ လုပ်ဆောင်နေကြကြောင်း သိရသည်။

“အခုက ငွေလည်လို့မရတဲ့အတွက်ကြောင့် ပိုက်ဆံလာလွှဲတဲ့သူတွေက ဘယ်သူဘဲလွှဲလွဲ သိန်းတစ်ရာလာလွှဲတဲ့သူကို တစ်သိန်း အဲ့လိုမျိုးပြန်ပေးတာ၊ ငွေသားနဲ့ယူခဲ့မှ၊ ထုတ်တာကတော့ တော်တော်ခက်ခဲသွားတယ်။ လွှဲလို့ရင်တော့ ပိုက်ဆံပြန်ရတယ်” လို့ နန့်တောဒေသခံတစ်ဦးက ဆိုသည်။

ဟုမ္မလင်းမြို့အတွက် လိုအပ်တဲ့ငွေသားတွေကို မန္တလေးမြို့ရှိ ပန်းတိမ်နှင့် ရွှေလုပ်ငန်းများထံကနေ စီးဆင်းနေခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိုစီးဆင်းမှု ရက်သတ္တပတ်ကျော်ကြာ ရပ်တန့်နေခြင်းဖြစ်သည်။

လက်ရှိတွင် မုံရွာမြို့မှလုပ်ငန်းရှင်များထံမှ  ငွေသားစီးဆင်းနေသော်လည်း လုံလောက်မှုမရှိသေးပေ။

ဟုမ္မလင်းမြို့သည် အထက်မြန်မာပြည်တွင် ရွှေတူးဖော်မှုလုပ်ငန်း အကြီးဆုံးလုပ်ကိုင်နေသည့် ဒေသတစ်ခုဖြစ်ပြီး နေ့စဉ် ငွေသားနှင့် ငွေစီးဆင်းမှု ကျပ်သန်းနှင့်ချီရှိသည့် မြို့တစ်ခုလည်းဖြစ်သည်။

မန္တလေးမြို့တွင်း ကယ်ဆယ်ရေးလုပ်ငန်းခွင်များအတွင်း တွေ့ရသည့် နိုင်ငံခြားသားများ။
April 10, 2025
မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းမြို့တွေမှာ ငလျင်ကယ်ဆယ်ရေး လာရောက်ကူညီကယ်ဆယ်ကြတဲ့...
April 2, 2025
Photo - ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့် တိုက်များနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ...
March 21, 2025
ဗန်းမော်မြို့နယ်က တိုက်ပွဲမဖြစ်ပွားတဲ့ မအူပင်ကျေးရွာအုပ်စုရှိ  ကျေးရွာ (၈) ရွာမှာ...
March 20, 2025
ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ရသူတွေဟာ နေရပ်ပြန်ချိန်မှာ...