တိုက်ပွဲအရှိန်မြင့်မားမည့်အခြေအနေတို့ကြောင့် ရေးဒေသခံတို့ စစ်ဘေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ဆောင်လာ

တိုက်ပွဲအရှိန်မြင့်မားမည့်အခြေအနေတို့ကြောင့် ရေးဒေသခံတို့ စစ်ဘေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ လုပ်ဆောင်လာ

မွန်ပြည်နယ် သံဖြူဇရပ်- ရေး-ထားဝယ်လမ်းပိုင်းဖြစ်သည့် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ်တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရေးဒေသခံပြည်သူတို့ စစ်ဘေးကြိုတင်ပြင်ဆင်ခြင်းကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာသည်ဟု သိရသည်။

သြဂုတ်လ ပထမအပတ်အတွင်း ရေးမြို့နယ်အတွင်း တိုက်ပွဲ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄ လုံးခန့်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။

ရေးမြို့ဒေသခံများအနေဖြင့် အိမ်တိုင်းနီပါး ဗုံးခိုကျင်းတူးထားပြီး၊ အကာအကွယ်ယူနိုင်မည့် ခိုင်ခံသည့်နေအိမ်တို့တွင် ပြောင်းရွေ့နေထိုင်နေသည့်အပြင် စားနပ်ရိက္ခာစုဆောင်းခြင်းနှင့် အရေးပေါ်ပြောင်းရွေ့နိင်ရန် ပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့ကဆိုသည်။

“ အခုကတည်းက အရေးကြီးကိစ္စကလွဲပြီး အိမ်မှာပဲနေတာများလာတယ်၊ ညနေ ၅ နာရီကျော်ရင် လမ်းမထွက်တော့ဘူး။ သွားစရာရှိရင်တောင် ရေးဘက်ကိုပဲ သွားတယ်။ မော်လမြိုင်ဘက်တော့သိပ်မသွားဘူး။ နောက်ပြီး ရေး-သံဖြူဇရပ်လမ်းမှာ တိုက်ပွားတွေလဲ ခဏခဏဖြစ်နေတယ်ဆိုတော့ သွားလာတာ တော်တော်ခက်တယ်။ ခုဆို ရွာမှာ ပုန်းရှောင်ဖို့အတွက် အိမ်တိုင်းလိုလို ဗုံခိုကျင်တွေ တူးထားကြတယ်”ဟု မော့ကနင်ရွာ ဒေသခံတစ်ဦး ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီအဖွဲ့တို့၏ လှုပ်ရှားမှုကိုကြည့်ခြင်းအားဖြင့် ကြီးမားသည့် တိုက်ပွဲ ဖြစ်လာနိုင်မည်ဟုလည်း ရေးဒေသခံအမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

ရက်အတိအကျ အချိန်အတိအကျကို မပြောနိုင်ပေမဲ့ ကျနော်တို့ဒေသခံတွေက အင်အားကြီးတဲ့ တိုက်ပွဲတစ်ခုဖြစ်လာဖို့ရှိမယ်ဆိုတာ အခိုင်အမာပြောဆိုနေကြတယ်၊ မော့ကနင်ရွာ - သံဖြူဇရပ်မြို့ ၊ မော့ကနင်ရွာ- ရေးမြို့ ဘက်မှာ အခုစစ်ကောင်စီအဖွဲ့တွေ စစ်မျက်နှာပြန် ဖွင့်နေတဲ့ပုံစံရယ် အင်အားတိုးချဲ့ပုံးစံ ကြည့်ခြင်းအားဖြင့်ပေါ့လေ၊ အဲတော့ ကျနော်တို့ဒေသခံတွေ ပြင်ဆင်စုဆောင်းဖို့ သင့်နေပြီလို့လည်း တိုက်တွန်းပြောလိုပါတယ်"ဟု ဆိုသည်။

ရေးမြို့နယ်အတွင်းရှိ  နှစ်ကရင်ကျေးရွာ ၊ မော့ကနင်ကျေးရွာ ၊ နှင်းစုံကျေးရွာ နှင့် တိုးတက်ကျေးရွာသစ်တို့တွင် တစ်ရက်လျှင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားနေသည့်အပြင် မော့ကနင် အခြေစိုက် ခမရ ၃၁၇ မှ လက်နက်ကြီးအသုံးပြုကာ ပစ်ခတ်မှုပိုမိုလုပ်ဆောင်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိလာမည်ကို ဒေသခံတို့စိုးရိမ်လျှက်ရှိသည်။

Most read this week

September 19, 2024
မွန်ပြည်နယ်၊ ရေးမြို့ပေါ်နှင့် ကျေးရွာအချို့တို့တွင် စစ်ကောင်စီက...
September 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပေါ်ရှိ...
September 17, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ပေါင်မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများတွင် ဖြုတ်ပိုးအန္တရာယ်...
September 16, 2024
ကရင်ပြည်နယ်အတွင်း အရပ်သားပြည်သူ နေထိုင်ရာနေရာကို စစ်ကောင်စီက ပစ်မှတ်ထားပြီး...