ကရင် ပြည်နယ်အတွင်း မြို့နယ် ၅ ခုတွင် ရေလွှမ်းမှုဖြစ်ပေါ်နေ

ကရင် ပြည်နယ်အတွင်း မြို့နယ် ၅ ခုတွင် ရေလွှမ်းမှုဖြစ်ပေါ်နေ

ကရင်ပြည်နယ် အတွင်းရှိ ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲမြို့ နယ်တို့တွင် ဇူလိုင်လ ၁၅ ရက် နေ့မှစ၍  မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် လူနေရပ်ကွက်နှင့် ကျေးရွာ များအတွင်း ရေကြီးရေလွှမ်းမှု စတင် ကြုံတွေ့နေရသည်ဟု ဒေသအတွင်းရှိ သတင်းအရင်းအမြစ်များက ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ  ဒေါနတောင်တန်း တောင်ကျရေ၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ လှိုင်းဘွဲမြစ်၊ သောင် ရင်းမြစ်၊ ချောင်းတောင်ချောင်းရေများ နီးစပ်ရာမြို့ရွာများအတွင်း ရေလွှမ်းဝင်ရောက်လာမှုကြောင့်  မြေနိမ့်ပိုင်း ရပ်ကွက်၊ မြို့၊ ရွာများရေဘေးရှောင် ယာယီစခန်းများသို့ ပြောင်းရွှေ့ နေထိုင်မှုစတင်လုပ် ဆောင်ပေးနေကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ တစ်ဦးက ယခုလို ပြောသည်။

“ မိုးရွာတာ တစ်ပတ်ကျော်ပြီး၊ အခုဖားအံ သံလွင်မြစ်ရေက စိုးရိမ်ရေအမှတ် ၇၇၅ မီတာကအခု ၇၇၄ မီတာအထိ တက်လာပြီ ၂၄ မီတာ ကျော်လာပြီဆိုတော့ မြစ်ဘေးရွာတွေ ရေမြှုပ်နေတယ်။ လှိုင်းဘွဲ လည်း မြို့ထဲရေဝင်ပြီး၊ ကျိုက်ဒုံလည်း ရေလွှမ်းနေတယ်။ ဒေါနတောင် ရေဆင်းတဲ့ ချောင်းတောင်ချောင်း ရေဆင်းတော့ ကော့ကရိတ်၊ လှိုင်ဝရေလည်ကုန်းတွေ ရေမြှုပ်ပြီ၊ မြဝတီဘက်လည်း သောင်ရင်း မြစ်ကရေတက်နေပြီးဆိုတော့ အမှတ် ၁ တို့ အမှတ် ၅ တို့ ရေဝင်တယ်။ မိုးက ဆက်ရွာနေတုန်းပဲ။ လူတွေကတော့ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေရွှေ့ပေးနေတယ်”ဟု ပြည်နယ်အခြေစိုက် လူမှုကူညီ ကယ်ဆယ်ရေးကွန်ရက်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိသောင်ရင်းမြစ်အတွင်းသို့ ထိုင်းဘက်ခြမ်းမှ တောင်ကျရေနှင့် မြန်မာဘက်ခြမ်းရှိ တောင် ကျ ရေများ စီးဝင်မှုကြောင့် ရေစီးကြမ်းနေသလို မြစ်ကမ်းဘေးတလျှောက်ကမ်းပြိုမှုအချို့ ဖြစ်ပေါ်ကာ ထိုင်း-မြန်မာကုန်စည်များ ကူးသန်းနေသည့် လှေဂိတ်များတွင် ကုန်သည်မှုရပ်နားထားရကြောင်း သိရသည်။

မြဝတီရှိ သောင်ရင်းမြစ်ဘေးကုန်စည်ကူးသည့်ဂိတ်၌ ကုန်တင်ကုန်ချ အလုပ်လုပ်သူတစ်ဦးက “သောင် ရင်းမြစ်မှာ ရေစီးကြမ်းနေတော့ ကုန်မကူးရဲဘူး၊ ကားမကူးရဲဘူး။ မနေ့က ကုန်ကားဘောတွဲနဲ့ ကူးတာ၊ ၃၄ ဂိတ်မှာ မှောက်သွားတယ်။ သံကြိုးပြတ်ပြီး ဘောတွဲမျှောပါသွားတယ်။ အခုဂိတ်တွေမှာ ပစ္စည်းတင် လှေတွေ ပေးမကူးသေးဘူး။ ကုန်ကားတွေလည်း တောင်ပြိုလမ်းပျက်နေတော့ အောက်ကိုကား ပြန်မဆင်း နိုင်ကြဘူး” ဟု ပြောသည်။

ယခုလို ပြည်နယ်အတွင်း ရေလွှမ်း၊ ရေကြီးမှုများ ဖြစ်ပေါ်နေသလို ကော့ကရိတ်မြို့နယ်၊ အာရှလမ်းသစ်၊ ကြားအင်ဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ မြဝတီ အတွင်းကျေးရွာအချို့၌ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင် စီတပ် တို့ နှစ်ဖက် တိုက်ပွဲဆက်ဖြစ်နေသည်ဟု စစ်ရေးနယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...
September 13, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း၍ စစ်တောင်းမြစ်...