Published
Thursday, May 23, 2024
ဖရူဆိုမြို့နယ်အရှေ့တောင်ဘက်ရှိ ကျေးရွာနှစ်ရွာမှာ ရေကျောက်ရောဂါဖြစ်ပွား၊ ဆေးဝါးအကူအညီလိုအပ်
- ကရင်နီပြည် ဖရူဆိုမြို့နယ်အရှေ့တောင်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာမှာ ကလေးငယ်အပါအ၀င် လူကြီးတွေ အရေပြားရောဂါတစ်မျိုးဖြစ်တဲ့ ရေကျောက်ရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေပါတယ်။
- ကရင်နီပြည် ဖရူဆိုမြို့နယ်အရှေ့တောင်ဘက်ခြမ်းမှာ ရေခန်းခြောက်တဲ့အတွက် တိရစ္ဆာန်တွေ သောက်စရာရေမရှိတာကြောင့် သေဆုံးမှုရှိနေပါတယ်။
- လူငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ နွေဦးဂုရုပညာရေးစင်တာက ဒီပလိုမာကျောင်းကနေ ကောလိပ်ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပါတယ်။ ဒီကောလိပ်မှာ တက်ရောက်သင်ယူနိုင်ဖို့ ဘယ်လိုအရည်အချင်းတွေလိုအပ်လဲ၊ ဘာတွေကိုသင်ကြားပေးမလဲ-ဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။