ဟားခါးမြို့ထဲ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူသည့် ရုံး၀◌န်ထမ်းများကို CDF-Hakha က သတိပေး

ဟားခါးမြို့ထဲ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူသည့် ရုံး၀◌န်ထမ်းများကို CDF-Hakha က သတိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်မှုထမ်းရန် လူဦးရေစာရင်းများကောက် ယူနေသည့် ရုံးဝန်ထမ်းများအား စစ်ကောင်စီ နည်းတူ သဘောထားကာ၊ အရေးယူသွားမည်ဖြစ်ကြောင်း CDF-Hakha က ယနေ့တွင် သတိပေးချက် ထုတ်ပြန်သည်။

“ အခုလို မတရားစစ်မှုထမ်းဖို့ စစ်ကောင်စီနဲ့ပူး ပေါင်းပြီး စာရင်း‌ေကာက်ယူနေတဲ့  ရုံးဝန်ထမ်းတွေ၊ တာဝန်ခံကူညီ ပေးသူ‌ေတွကို ကျွန်တော်တို့ စစ်ကောင်စီလို သဘောထားပြီး သူတို့လိုမျိုး အရေးယူသွားမယ်။” ဟု CDF-Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ မတ်လ ၁၈ ရက်ကစတင်ကာ စစ်ကောင်စီ တပ်သား၊ ရဲတပ်သားများအပါအဝင် ထွေအုပ်ရုံးဝန်ထမ်းများမှ ဟားခါးမြို့ပေါ်တွင်  တစ်အိမ်တက်ဆင်း စစ်မှုထမ်းရန် လူဦး‌ေရစာရင်းများကောက်ယူခဲ့ကြသည်။

ထိုသို့ ဟားခါးမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် စစ်မှုထမ်းရန် စာရင်းကောက်ယူနေစဉ် CDF- Hakha မှ ပစ်ခတ်မှုလုပ်ဆောင်ကာ  ဈေးဟောင်းရပ်ကွက်တွင် ယမန်နေ့ ညနေပိုင်း ၂ နာရီမှ ၅ နာရီ‌ေကျာ်အထိ ၃ နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုနည်းတူ ယနေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကြောင်း CDF- Hakha ထုတ်ပြန်ချက်အရသိရသော်လည်း တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်အား မသိရသေးပေ။

ထို့နောက် ဟားခါးမြို့ပေါ်တွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပွားနိုင်‌ေကြာင်း၊ မြို့တွင်းနေပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များ၏ သတင်းအစ အနများအား ပေးပို့ရန်လည်း CDF -Hakha က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်း နေရာအချို့တွင် လက်နက်များဖြင့် နေရာယူနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“ အခုတလော စစ်သားတွေက sniper နဲ့ ဟိုမှာ ဒီမှာ နေရာယူတယ်ဆိုတာကြီးပဲ၊  အပြင်ထွက်ရင်စိုးရိမ်ရတယ်။ ပြီးတော့ သူတို့ဧည့်စာရင်းကောက်တဲ့ နေရာတွေဆို sniper နဲ့ နေရာယူကြတယ်။” ဟု ဟားခါးမြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

ဟားခါးမြို့တွင် စစ်ကောင်စီမှ စစ်မှုထမ်းရန် စာရင်းများကောက်ယူ‌မှုစတင်လာသည့်နောက်ပိုင်းတွင် ပြည်သူအချို့မှာလည်း ဘေးကင်းရာသို့ စစ်ဘေးတိမ်းရှောင်ကြကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိ ဟားခါးမြို့တွင် လူငယ်များ သိသိသာသာ လျော့‌နည်းကာ တစ်မြို့လုံး တိတ်ဆိတ်နေကြောင်း သိရသည်။

Most read this week

October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...