Published
Monday, March 04, 2024
စစ်တပ်ထဲကိုအဓမ္မသွတ်သွင်းတာကို မခံလိုတဲ့လူငယ်တွေ ဒီရက်ပိုင်းအတွင်းပြည်ပကိုထွက်ခွာဖို့အလုအယက်ကြိုးစား
- စစ်တပ်ထဲကို အဓမ္မသွတ်သွင်းတာကို မခံလိုတဲ့ လူငယ်တွေဟာ ဒီရက်ပိုင်းအတွင်း ပြည်ပကိုထွက်ခွာဖို့ အလုအယက်ကြိုးစားနေကြပါတယ်။
- မွန်အမျိုးသားပညာရေးဌာနလက်အောက်မှာရှိတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေဟာ မတ်လအတွင်းမှာကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို သွားရောက်ဖြေဆိုဖို့ လမ်းခရီးအခြေအနေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
- မွန်ပြည်နယ်မှာ စစ်မှုထမ်းဖို့ စတင်စီစဉ်နေပြီဖြစ်တဲ့အတွက် စစ်မှုမထမ်းလိုတဲ့ လူငယ်လူရွယ်တွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေမှာ လာရောက်ပူးပေါင်းနိုင်တယ်လို့ မွန်အခြေစိုက် တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။