Published
Monday, February 26, 2024
စီခမ်းကြီးစစ်ကောင်စီတပ်စခန်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့က ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားကသိမ်းပိုက်
- ကချင်ပြည်နယ်၊ မံစီမြို့နယ်ထဲက စီခမ်းကြီးစစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြားက သိမ်းပိုက်လိုက်ပါတယ်။
- မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်အသစ်တွေကို လက်ခံနေပြီဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
- နွေဦးတော်လှန်ရေးမှာ လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှုကို ထောက်ပံ့ပေးတဲ့အရာတွေကို မသုတ်သင် မရှင်းလင်းနိုင်ရင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။