မြိတ်မြို့ တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်စခန်း ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

မြိတ်မြို့ တုံးဗျောကြီးရွာရှိ စစ်ကောင်စီတပ်စခန်း ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ တပ်စွဲထားသည့် စခန်းကို ကာကွယ်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

“တိုက်ပွဲက ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ ဖြစ်တယ်။ နောက်ပြီး စစ်တပ်ဘက်က စစ်ကူတွေ ရောက်လာတော့ တော်လှန်ရေး အဖွဲ့တွေက အခြေအနေအရ ပြန်ဆုတ်လာခဲ့ရတယ်” ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့သည့် အဆိုပါ စခန်းသည် မြိတ်-တနင်္သာရီ လမ်းပိုင်း ပြည်ထောင်စုလမ်းမကြီးတွင် ဘန်ကာများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်းဖြစ်ပြီး ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့က စခန်းသိမ်း တိုက်ပွဲအဖြစ် သွားရောက်တိုက်ခိုက်စဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

တုံးဗျောကြီးရွာ ဒေသခံတစ်ဦးက “တိုက်ပွဲ ဖြစ်နေတဲ့နေ့က ကျွန်တော်တို့ သိရသလောက်ကတော့ ၁၀ ဦး လောက် သေတယ်လို့ သိရတယ်။ ခြောက်ဦးက အဖမ်းခံရ သလိုလိုနဲ့ ပျောက်ဆုံးနေတဲ့ အနေအထားလည်း ဖြစ် နေတယ်။ အခုချိန်ထိတော့ သေချာမပြောနိုင်သေးဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့တွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များထဲမှ အရာရှိ ရုပ်အလောင်းကိုသာ စစ်ကူအဖွဲ့က လာရောက်သယ်ဆောင်ခဲ့ကာ ကျန်စစ်‌ကောင်စီတပ်ဖွဲ့ဝင် များ၏ ရုပ်အလောင်းများကို ယင်းတပ်စခန်းတွင် မိုးကာအစဖြင့် ဖုံးအုပ်၍ ထားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးနားရှိကျေးရွာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံများ နှစ်ရက်နီးပါး ထွက်ပြေး တိမ်းရှောင်ခဲ့ရ ကြောင်း ဒေသခံများက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မြိတ် (ပကဖ)၊ တနင်္သာရီ (ပကဖ) အပါအဝင် ဒေသအခြေစိုက် တော်လှန်ရေး ပူးပေါင်းအဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF ရဲဘော်များ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲအ‌ခြေအနေနှင့်ပတ်သက်၍ မဇ္ဈိမက သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်ရာ နေရာအချို့တွင် လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့်  တော်လှန်ရေး ပူးပေါင်းအင်အားစုများ အနေဖြင့် စစ်ရေးသတင်းများ ထုတ်ပြန်နိုင်ဦးမည် မဟုတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

အဆိုပါ တုံးဗျောကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ဇူလှိုင် ၄ ရက်နေ့တွင် ပြည်သူ့ ကာကွယ်ရေး မဟာမိတ် များဖြစ်သည့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - (ပကဖ မြိတ်)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ (တနင်္သာရီ ပကဖ) SWDF တပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း (၂) တို့က မြေပြင်နှင့် ဒရုန်းတို့ဖြင့် သွားရောက် တိုက်ခိုက်ရာ စစ် ကောင်စီ တပ်ဖွဲ့ဘက်မှ သုံးဦးသေဆုံးပြီး ငါးဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ပြောသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...