Published
Wednesday, September 27, 2023
မြစ်ကြီးနားက ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့မှာ ဆန်၊ ဆီတွေကို ပုံမှန်ထက်လျော့နည်းတဲ့စျေးနဲ့ ရောင်းချပေး
- ဖားကန့်မြို့နယ် မော်ဝမ်းကြီးမှော်က ကျောက်စိမ်းတောင်ရေကန်ကနေ ရေစိမ့်ထွက်နေတာကြောင့် အန္တရာယ်ရှိလာနိုင်တဲ့အတွက် ဥရုချောင်းဘက်ကို ရေလမ်းကြောင်းဖောက်လုပ်နေပါတယ်။
- စစ်ကောင်စီရဲ့ညွှန်ကြားချက်နဲ့ မြစ်ကြီးနားမြို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့မှာ ဆန်၊ ဆီ၊ ကုန်စိမ်းနဲ့ အသားတွေကို ပုံမှန်ထက် လျော့နည်းတဲ့စျေးနှုန်းတွေနဲ့ ရောင်းချပေးနေပါတယ်။
- မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာက ဒေသခံအမျိုးသမီးတချို့စုဖွဲ့ပြီး သပွတ်အူကို ကုန်ချောထုတ်ကုန်အဖြစ်ပြောင်းလဲပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းငယ်တစ်ခု လုပ်ကိုင်နေတဲ့အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။