ရေးတွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

ရေးတွင် သတင်းရဲတပ်ဖွဲ့ ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက သတင်းရဲတပ်ဖွဲ့ (SB) မှ ရဲအုပ်တစ်ဦးပစ်သတ်ခံရကြောင်း မြို့ခံများက ပြောသည်။

ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်ခန့်က အောင်သုခရပ်ကွက်အတွင်းမှ ကားဖြင့် တစ်ဦးတည်း မောင်းထွက်လာစဥ် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား သေနတ်သမားနှစ်ဦးက သေနတ်အရှည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာရရှိပြီး အခင်း ဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

“ဘယ်သူ့လက်ချက်လဲဆိုတာကတော့ မသိသေးဘူး။ ထုတ်ပြန်တာဘာညာလဲ မတွေ့သေးဘူး။ လက်ရှိကတော့ စစ်ဆေးမှုတွေတော့ ရှိနေတာပေါ့” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီးနောက် ရေးမြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများတွင် စစ်ကောင်စီတပ်နှင့် ရဲပူးပေါင်းအဖွဲ့တို့က လုံခြုံရေးတင်းကျပ်ထားပြီး လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှုပြုလုပ်နေသည်ဟု မြို့ခံများက ဆိုသည်။

သေဆုံးသွားသည့် ရဲအုပ်မြင့်လွင်၏ အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့များက ရေးဆေးရုံသို့ ပို့ဆောင်ခဲ့ ကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း လမိုင်းမြို့တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် ညီညီဝင်း ရေးပြောက်ကျားအဖွဲ့ (YGF) က ပစ်သတ်ခဲ့သလို ၂၀၂၂ ခုနှစ်အတွင်းကလည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ပစ်သတ်ခံခဲ့ရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် စစ်ကောင်စီသတင်း ဒလန်ဆိုပြီး စွပ်စွဲခံရသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည်။

Most read this week

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...