ည ၁၀ နာရီကျော် ပစ်မိန့်ထုတ်ထားသည့် မြဝတီတွင် စစ်တပ်က ခြောက်လှန့် ပစ်ခတ်မှုများ ညစဉ်ပြုလုပ်

ည ၁၀ နာရီကျော် ပစ်မိန့်ထုတ်ထားသည့် မြဝတီတွင် စစ်တပ်က ခြောက်လှန့် ပစ်ခတ်မှုများ ညစဉ်ပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီမြို့ ခရိုင်ရဲရုံး တိုက်ခိုက်ခံရပြီးနောက် မာရှယ်လောအမိန့်ထုတ်ပြန်ထားပြီး ညစဉ်သေနတ် ခြောက်လှန့်ပစ်ခတ်ခြင်းများ လှည့်လည် လုပ်ဆောင်နေမှုရှိနေသည်ဟု မြို့ခံ ရပ်ကွက်သားများက ပြောသည်။

စက်တင်ဘာ ၅ ရက်မှ စတင်ကာ မာရှယ်လောအမိန့် ည ၁၀ နာရီကျော်လွန် သွားလာပါက ပစ်ခတ်ဖမ်းဆီးရန် စစ်တပ်က အမိန့်ထုတ်ထားပြီးနောက် ခြောက်လှန့်ပစ်ခတ်မှုများ လုပ်နေခြင်း ဖြစ်သည်ဟု ပြောသည်။

“ရဲစခန်းတိုက်ခံထိပြီးတော့ သူတို့ စစ်တပ်အဖွဲ့ ရဲအဖွဲ့တွေ ည ၁၀နာရီကျော်ပစ်မယ် ပြောတယ်။ ပြီးခဲ့တဲ့ စက် တင်ဘာ ၁၃ ရက်မှ ရပ်ကွက်တွေထဲ ကားနဲ့ လှည့်ကြေငြာတယ်။ ၁၀နာရီကျော် အပြင်မထွက်ရ အမိန့် ဆိုပြီး၊ ပစ်ဖမ်းမယ်ဆိုပြီး ပြောတယ်။ အဲ့ဒီလို လိုက်ပြီးမပြောခင် ရက်တွေထဲက ညဆို သေနတ် ပစ်ဖောက်တယ်။ BGF တွေ၊ စစ်တပ်တပ်မက စစ်သားတွေ ရပ်ကွက်တွေဘက်လှည့်ပြီး ဟိုနားပစ် ၊ ဒီနားပစ်ပစ်တယ်” ဟု မြဝတီမြို့ခံ တစ်ဦးက ပြောသည်။

လက်ရှိ မြဝတီ မြို့ နယ်အတွင်း သင်္ဃန်းညီနောင်၊ လက်ခတ်တောင် နေရာများဘက်တွင် ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များအကြား နေ့စဉ် ပြောက်ကျား ပစ်ခတ်မှုများ ဆက်ရှိနေကြောင်း KNLA စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့တုန်းက ခရိုင်ရဲစခန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်နေရာများအား ထပ်မံ တိုက်ခိုက် မည်ဟု KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည့်အတွက် စစ်တပ်ဘက်က မြဝတီမြို့တွင်း ဌာန ဆိုင်ရာနေရာများ၊ လမ်းများအား အပြင်လူ ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားပြီး လုံခြုံရေး တင်းကြပ်ထားခြင်း ဖြစ်သည်။

မြဝတီမြို့ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုဝင်တစ်ဦးက “မြဝတီက စစ်တပ်တွေ ထပ်တိုက်မခံရအောင် လုပ် နေကြ တယ်။ ဝန်ထမ်းမိသားစုတွေ သိပ်မနေကြတော့ဘူး။ ထပ်တိုက်မယ်။ မြို့ထဲဝင်တိုက်မယ်ဆိုတဲ့ သတင်းက ပျံ့နေ တယ်။ ဘယ်တော့ တိုက်မလဲမသိရတော့ အပြင်သွားတာလာတာ သတိထားရတယ်။ အခုက ခေါင်းပေါ်က ဘယ် အချိန်ကျလာမလဲ၊ ဘယ်နားက ထပေါက်မလဲ စိုးရိမ်ရတယ်” ဟု ပြောသည်။

သို့သော် ယခုကဲ့သို့ မြဝတီမြို့တွင်းတွင် လမ်းများပိတ်ပြီးလုံခြုံရေး တင်းကြပ်ထားသော်လည်း နယ်ခြား စောင့်တပ် - BGF ထိန်းချုပ် လုပ်ကိုင်နေသည့် ကာစီနို လောင်းကစားရုံနှင့် အွန်လိုင်း (ကျားဖြန့်) ငွေလိမ်ဂိုဏ်း များမှာ ဆက်လက် ဖွင့်လှစ်ထားဆဲဖြစ်သည်။

အလားတူ အဆိုပါရပ်ကွက်များဘက်တွင် အာဝါဒေးပွဲများပါ ဖွင့်လှစ်ကား လောင်းကစားခွင့်ရနေကြောင်းလည်း ကာစီနိုလောင်း ကစားဝိုင်းသွားခဲ့သူများ၏ ပြောပြချက်အရ သိရသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...