KNU ၏ တပ်မဟာ (၃) ခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်

KNU ၏ တပ်မဟာ (၃) ခုမှ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်

ကရင်အမျိုးသား အစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ပြီးခဲ့သည့် ရက်ပိုင်းက ပြုလုပ်ခဲ့သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ၏ ထိပ်ပိုင်းတပ်မှူး အချို့တွေ့ဆုံပွဲ၌ KNU တပ်မဟာ (၃) ခုရှိ တပ်မဟာမှူးနှင့် ဗျူဟာမှူးရာထူးများ အပြောင်းအလဲ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ထိပ်ပိုင်းတပ်မှူးများ တွေ့ဆုံမှုတွင် ကေအဲန်ယူ တပ်မဟာ (၄) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးမူ အစား ဒုတိယဗိုလ်မှူးကြီး စောဖိုးလေး၊ တပ်မဟာ (၆) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဆာမိစေးဖိုးအစား ဗိုလ်မှူး ကြီး စောကို့ထူးနှင့် တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဖောဒိုအစား ဗိုလ်မှူးကြီးစောဒိကွယ်ထူး တို့အ ား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် တပ်မဟာ (၄) ၏ ဗျူဟာမှူးနေရာတွင် တပ်ရင်း (၂၀၃) ၏ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောလေး သိန်း၊ တပ်မဟာ (၆) တွင် တပ်ရင်း (၂၇) ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီးရန်နိုင် (ခ) စောနယ်ဒါးထူးနှင့် တပ်မဟာ (၇) ၏ ဗျူဟာမှူးနေရာတွင် တပ်ရင်း (၁၀၁) ၏ တပ်ရင်းမှူး ဗိုလ်မှူးကြီး စောဖိုးဒူတို့အား အသီးသီး ပြောင်းလဲခန့်ထား ခဲ့သည်။

ထိုသို့ စစ်ရေးအရ အရေးပါသော တပ်မဟာမှူး၊ ဗျူဟာမှူးနေရာများ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက် ၍ KNLA ၏ ဗဟိုစစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာ မလာသောက ကေအိုင်စီသို့ ယခုကဲ့သို့ ပြောသည်။

“ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးတော့ ပြောင်းလဲလိုက်တာပါပဲ။ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကလောက်ပဲ။ ဒါကလည်း ကွန်ဂရက်ရဲ့ သဘောထားနဲ့ သူတို့ကိုယ်တိုင်ရဲ့ ကျန်းမာရေး အခြေအနေ အရကြောင့် ပါပဲ။ အခြားအထွေအထူးကြောင့်တော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နေရာ အပြောင်းအလဲ သတ်မှတ်ရာတွင် ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သော ကော်သူးလေအာမီ - KTLA နှင့် ပဋိပက္ခဖြစ်ပွားနေသည့် KNU တပ်မဟာ (၄) မှ တပ်မဟာမှူးနှင့် ဗျူဟာမှူး နေရာ လည်း ပါဝင်လာသည့်အ‌ပေါ်  KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ယခုကဲ့သို့ ပြောသည်။

၎င်းက “KNLA က ယခင်တပ်မဟာမှူးကတော့ ဗဟိုမှာပြန်လုပ်မှာပါ ပဋိပက္ခတွေ အတွက်ကတော့ ဗဟိုရဲ့ လမ်း ညွှန်မှု ကိုင်တွယ်ဖေးမမှုနဲ့ပဲ ဆက်သွားမှာပါ။ နောက်ပြီး အပြောင်းအလဲက ခေါင်းဆောင်တွေက အသက်တွေ ကြီးလာလို့ ငယ်တဲ့သူတွေကို နေရာပေးလိုက်တဲ့ သဘောပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ၏ အုပ်ချုပ်မှုအောက်တွင် စစ်ရေးနှင့် တိုက်ခိုက်ရေး ဆောင်ရွက်နေသော KNLA သည် အခြားသော တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီအား တိုက်ခိုက်လျက်ရှိသလို KNU အုပ်ချုပ်မှုနယ်မြေ ပိုမို ထိန်းချုပ်နိုင်ရန်နှင့် စစ်ကောင်စီ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခြင်းတို့ကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

ယခု တပ်ပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများကို ကြည့်ခြင်းအားဖြင့် ရှေးရိုးစွဲ များပယ်ပျောက်လာနိုင်ပြီး လူငယ်ခေါင်းဆောင်များ နေရာရလာခြင်းတို့ကြောင့် ကောင်းမွန်သော အပြောင်းအလဲတစ်ရပ် ဖြစ်သည်ဟု KNU နှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ကေအဲန်ယူက ကောင်းလာဖို့ပဲရှိတယ်။ ဆိုးလာဖို့မရှိတော့ဘူး။ ဒီအခင်း အကျဉ်းကတော့ ကောင်းပါတယ်။ ဘာ ဖြစ်လဲဆိုတော့ ညှိလို့၊ နှိုင်းလို့ရ တဲ့လူငယ်ခေါင်းဆောင်တွေဖြစ်တာပေါ့။ အရင်ကတော့ ရှေးရိုးစွဲတွေ သိပ်မရှိ တော့ဘူးပေါ့။ အပြောင်းအလဲလုပ်တာက ၁ တစ်ချက်က သူတို့မနိုင်တော့ဘူး။ အိုနေပြီ။ ၂ တစ်ချက်ကတော့ သူတို့ရင်ဆိုင်ရမယ့် ကိစ္စတွေပေါ့။ အထူးသဖြင့် ကာစီနိုလိုကိစ္စတွေပေါ့။ အကွက်ရွှေ့လိုက်တဲ့သဘောပေါ့” ဟု ၎င်းက သုံးသပ်သည်။

ကေအဲန်ယူ၏ တပ်မဟာ (၇) ခု အနက် ကျန်ရှိ တပ်မဟာ (၁) တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၊ ဗျူ ဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်မဟာ (၂) တွင် တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂတ်စ်တီး၊ ဗျူဟာမှူး ဗိုလ်မှူး ကြီး စောပေါ်လူ၊ တပ်မဟာ (၅) တွင် တပ်မဟာမှူး ဗိုလ်မှူးချူပ်စောဂီနွီးနှင့် ဗျူဟာမှူး ဗိုလ်မှူးကြီးစောမော်ဒဲတို့က ရာထူးအပြောင်းအလဲမရှိဘဲ လက်ရှိနေရာတွင် အသီးသီး တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...