လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ယောက်ဖမ်းခံရ

လယ်ကုန်းရပ်ကွက် နေအိမ်တစ်အိမ်ဝင်စီးခံရပြီး လူငယ် ၁၁ ယောက်ဖမ်းခံရ
၂၀၂၁ ခုနှစ် မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
၂၀၂၁ ခုနှစ် မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ် ဝင်စီးခံရပြီး လူငယ် ၁၁ ဦး ဖမ်းဆီးခံ လိုက်ရသည်ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၈ ရက်နေ့၊ ည ၉နာရီခွဲအချိန်ခန့်တွင် ရှေ့လယ်ကုန်းရပ်ကွက်မှ အိမ်တစ်အိမ်ကို စစ်ကောင် စီ တပ်များက အိမ်စီးကား ၃ စီး အင်အား ၃၀ ခန့်ဖြင့် ဝင်စီးပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“ရှေ့လယ်ကုန်း လမ်းသွယ် ၁၈ ဘက်မှာ PDF အပါအဝင် လူငယ်တွေ ဖမ်းခံရတာဟုတ်တယ်။ မဟုတ်တဲ့သူတွေ ရော ဟုတ်တဲ့သူရော အကုန်ဖမ်းသွားတာပေါ့။ လူငယ်တွေပဲ အားလုံး ၁၁ ဦးဟုတ်တယ်။ PDF က တစ်ဦးပဲပါ တယ်။ သူက ဝန်ခံလိုက်တယ်လို့ ပြောတယ်” ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၁၁ ဦးမှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၅ ဦးတို့ ဖြစ်ပြီး ၎င်းတို့ထဲတွင် PDF လူငယ် တစ်ဦးပါဝင်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “စစ်တပ်ဘက်ကတော့ မြစ်ကြီးနားပေါ်မှာ လှုပ်ရှားနေတဲ့ PDF တွေကို လိုက်နေတာကြာပြီ။ အခုဖမ်းခံရတဲ့သူ့ကိုလည်း လိုက်နေတာကြာပြီ။ တခြားလူငယ်တွေတော့ ပြန်လွတ်ပေးမယ်ကြားတာပဲ။ ဒါပေမဲ့  ဘယ်လိုလဲ မသိသေးဘူး” ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်က ဖမ်းဆီးသွားသည့် လူငယ် ၁၁ ဦး၏ အမည်စာရင်းတိတိကျကျ မသိရသေးသည့် အပြင် လယ်ကုန်းဒေသခံ အချို့ပြောဆိုမှုအရ ဖမ်းဆီးခံရသူများထဲ ဝင်စီးခံရသည့်နေအိမ်က မိသားစုဝင်များလည်း ပါဝင်သည်ဟု ဆိုသည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ KNG သတင်းဌာနအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံရသူများထဲ PDF လူငယ်၏ စွပ်စွဲပြောဆိုခံနေရသူမှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် ဖမ်ဆီးခံရသည့် မြစ်ကြီး နား ကာကွယ်ရေး အဖွဲ့ခေါင်းဆောင် ကိုချစ် ဆိုသူနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိသည်ဟုလည်း ဆိုကြသည်။

သိုသော် ကိုချစ်ဆိုသူ ဖမ်းခံသွားရပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပါဝင်ပတ်သက်မှု မရှိတော့ကြောင်း မြစ်ကြီးနား ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်ကောင်စီ သတင်းပေးသူများကြောင့် မြို့ပေါ်က လူငယ်များ အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွယ်သူများပါ ဖမ်းဆီးခံနေရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေသည်။

ထို့အပြင် စစ်တပ်ဘက်က ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ပေါ်တွင် အိမ်စီးကားများအသုံးပြုကာ အရပ်ဝတ် များနှင့် နေ့စဉ် ကင်းပုန်းဝပ်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု ဆိုကြသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...