ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍ အရပ်သား ၂ ဦး ဒဏ်ရာရ

ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍ အရပ်သား ၂ ဦး ဒဏ်ရာရ
KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)
KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းတွင် ကာကွယ်ရေး တပ်ဖွဲ့ များ၏ တိုက်ခိုက်ခံခြင်းရသော စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် မွန်ပြည်နယ်မှ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်သို့ မောင်းနှင်လာ သည့် စစ်ကောင်စီတပ်မှ ဖောကားခြောက်စီးအား ရန်ကုန်-မော်လမြိုင်လမ်း၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင် ကျေးရွာ အနီးတွင် တပ်မဟာ(၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဆွဲ တိုက်ခိုက်ပြီးနောက် RPG၊ အီနာဂါ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း၌ ပါလာသည့် တပ်သား များက ရန်ကုန်-မော်လမြိုင် လမ်းဘေးတလျှောက်အား လက်နက်ကြီးနှင့် သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အင်္ဂဘိုကျေးရွာမှ အမျိုးသားနှစ်ဦး ဦးခေါင်းနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြရသည်။

“ဒဏ်ရာရတဲ့ နှစ်ယောက်လုံးကတော့ကျိုက်ထိုဆေးရုံမှာပဲ၊ တယောက်က နှဖူးမှာထိတယ်၊ တစ်ယောက် က လက်မောင်းမှာ၊ အရမ်းတော့မစိုးရိမ်ရပါဘူး” ဟု အင်္ဂဘိုကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ရန်သူဘက်က ကားတစီးက တော်တော်လေး ထိခိုက်သွားတယ်။ အထိနာသွားပုံရတယ်။ မုပ္ပလင်လမ်း ဆုံ ဂိတ်မှာ ကားထားခဲ့ပြီးတော့ ကျန်တဲ့သူတွေ ဒဏ်ရာတော်ရုံရတဲ့သူတွေကို မှန်လုံနဲ့တင်သွားတယ်။ သေသွားတဲ့ ကောင်တွေကို အဲဒီမှာမြှုပ်ပေါ့၊ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေကတော့ ကျိုက်ထိုဆေးရုံကို ပို့တယ် ပြော တယ်။ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ထိတယ်ဆိုတာတော့ အတိအကျမသိရဘူး ဖြစ်နေတယ်။ သူတို့ရဲ့ ဂိတ်ထဲမှာဆိုတော့ သတင်းယူဖို့ ခက်ခဲသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ် တစ်ဦးက မဇ္ဈိမကို ပြော သည်။

စစ်ယာဉ်တန်းသည် ပဲခူးတိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ် တွင် ကားတစီးထားခဲ့ရပြီး ကားငါးစီးဖြင့်သာ ဆက်လက်ထွက်ခွာသွားခဲ့ရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ အထိုင်ချတပ်စခန်း၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ကင်းပုန်းများ၊ စစ်ယာဉ်တန်းများအား တပ်မဟာ(၁) KNLA ပါဝင်သော တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်း လည်း စစ်ကောင်စီဘက်မှ အထိအခိုက်များရှိနေသည်။

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...