ကျောက်ကြီးတွင် ကျေးလက်ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကျောက်ကြီးတွင် ကျေးလက်ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက် ကြီးမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာဆေးပေးခန်း တစ်ခုပေါ်သို့ ကျရောက်ခဲ့ပြီး ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့၊ နေလည်ပိုင်းက ကျောက်ကြီးမြို့နယ် သဲသောမူသဲသောခွားကျေးရွာသို့ စစ် ကောင်စီ၏ လေကြောင်းမှ ဗုံး(၆)လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် (၂၈) နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦး သေဆုံး၍ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့မှ အသက် (၂၃) နှစ် အရွယ် တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟို က ထုတ်ပြန်သည်။

ထိုသို့လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားစဥ် ဗုံးစထိမှန်သေဆုံးခဲ့သော အမျိုးသားသည် အဆိုပါကျေးရွာ ဆေးပေး ခန်းသို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်လာသော ကိုယ်ဝန်ဆောင်ဇနီးသည်အား အဖော်ပြု လိုက်လာပေးသူ တစ်ဦး ဖြစ်သည်ဟု ရွာခံ အမျိုးသမီးတစ်ဦးက ပြေသည်။

“သူ့မိန်းမက ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးမို့လို့ ပြဖို့သွားတာ။ အဲဒီမှာက OG ဆရာဝန် တွေရှိတယ်လေ တချို့ရွာက လက်သည်နဲ့ မနိုင်တဲ့ ဗိုက်တွေဆို အဲဒီကိုပို့ကြတာ များတယ်။ သူကရွာခံပါ။ မိန်းမကို လူနာလိုက်စောင့်ပေးတာ လေယာဥ် ပစ်နေတုန်း ကျင်းထဲကနေတက်ပြီး ပစ္စည်းပြန်ယူတော့ ဗုံးစထိပြီးဆုံးတယ်။ ကျန်တဲ့ တစ်ယောက် ကတော့ ခြေထောက်နဲ့ လက်မောင်းကို ထိသွားတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ဖြစ်ပွားပြီးနောက် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခံရနိုင်ချေ များသဖြင့် ကော်သူးလေ ပညာရေးဌာနလက် အောက်ရှိ စာသင်ကျောင်းအချို့ကိုပါ ပိတ်ထားလိုက်ရကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အမည်မဖော်လိုသူဒေသခံက “တပ်စခန်းနဲ့ နီးတဲ့ ကော်သူးလေကျောင်း တော်တော်များများ လေယာဥ် ကြောက် လို့ (၂၄) ရက်နေ့က စပြီး တပတ်တိတိပိတ်တယ်။ မိဘဆရာ အစည်းအဝေးခေါ်ပြီး ပြောတာပါ” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ တိုက် ခိုက်စဥ် ပြည်သူပိုင် နေအိမ်တစ်လုံးပေါ်သို့ ဗုံးကျရောက် ပေါက်ကွဲခဲ့၍ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်။ ထိုသို့ ဖြစ်ပွားပြီး နောက်ပိုင်း လေကြောင်း ပျံဝဲမှုများ မကြာခဏရှိလာ၍ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရ ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ယခု ဩဂုတ်လအတွင်း ညောင်လေးပင်ခရိုင် ကျောက်ကြီး၊ မုန်းမြို့နှင့် ရွှေကျင်စသော မြို့နယ် (၃) မြို့နယ် အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်၍ လေကြောင်းဖြင့် လာရောက် ပစ်ခတ် ခဲ့သောကြောင့် ဒေသခံအများအပြား နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသေးသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...