သံတောင်ကြီးတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး

သံတောင်ကြီးတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့တွင် စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက် (၁)ရှိ ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။

ဩဂုတ်လ(၂၂)ရက်နေ့၊ ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ် စခန်းမှ လူနေရပ်ကွက်များရှိရာသို့ လက်နက်ကြီး များပစ်ခတ်ခဲ့၍ နေအိမ်(၃) လုံး ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ သွားထွက်ကြည့်တာတော့ အိမ်(၃)လုံးထိတယ်၊ လက်နက်ကြီးဆိုတော့ လက်နက်ကြီးအစတွေ စင် တာပေါ့။ မြို့ထဲမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ အသံဗုံး သူများပစ်သံကြားတော့ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်ပစ်တယ်လို့ပဲ ယူဆရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသော နေအိမ်(၃)လုံးအနက် ပျက်စီးမှုများသော နေအိမ် (၁)လုံးမှာ လူနေထိုင်သူမရှိသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိသလို ကျန်လူနေထိုင်မှုရှိသော နေအိမ်(၂) လုံးမှာ လည်း ခေါင်မိုးထိခိုက် ပျက်စီးခြင်းသာရှိသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း “လူထိခိုက်မှုတော့မရှိဘူး။ တခြားအိမ်တွေ ကျည်စင်တာ တော့ရှိတယ်။ ဖာလာလုပ်ဖို့နီးလာပြီဆို‌တော့ တော်တော် များများက ဖာလာခြံတွေထဲမှာပဲနေကြတယ်။ အဲ့ဒါ ကြောင့် တော်သေးလို့ လူမထိ သွားတာ” ဟု ပြောသည်။

ဩဂုတ်လ (၂၂) ရက်နေ့ မတိုင်ခင်ရက်များတွင် မြို့အတွင်း ပစ်ခတ်မှုများရှိခဲ့ကြောင်း နီးစပ်ရာဒေသခံအချို့က ပြောဆိုကြသော်လည်း သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ် ပြန်ထားခြင်းမျိုး မတွေ့ရှိရသေးပေ။

အဆိုပါ ဘုရင့်နောင်တပ်စခန်းမှ စစ်ကောင်စီတပ်များသည် မြို့နယ်အတွင်း နှစ်ဖက် ပစ်ခတ်မှုများဖြစ်ပွားရာတွင် ကူညီပစ်ခတ်မှုများလုပ်ဆောင်ပေးလေ့ရှိသလို ညအချိန် စခန်းအနီး မသင်္ကာစရာတွေ့ရှိပါကလည်း ခြိမ်းခြောက် ပစ်ခတ်ခြင်းများ လုပ်ဆောင်မှု ရှိကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရှိရသည်။

အလားတူ သံတောင် (၁၃) မိုင်မြို့တွင် နယ်မြေခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော မေလကုန်ပိုင်းကလည်း ၎င်းဘုရင့်နောင်တပ်စခန်းမှ လက်နက်ကြီး (၁၀) ကြိမ်ထက်မနည်း ပစ်ကူတိုက်ခိုက်ပေးသဖြင့် (၁၃) မိုင်နှင့် ပျားစခန်းအနီး လိပ်သိုလမ်းခွဲနံဘေးရှိ ငွေတောင်ကလေးကျေးရွာ ဆေးပေး ခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရသေးသည်။

Photo: CJ

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...