နေပြည်တော်သို့ ထိုးဖောက်နိုင်ရန် စစ်ရေးအသာစီး ရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း တော်လှန်ရေး အင်အားစုပြော

နေပြည်တော်သို့ ထိုးဖောက်နိုင်ရန် စစ်ရေးအသာစီး ရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း တော်လှန်ရေး အင်အားစုပြော

ကရင်ပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အစပ်မှ နေပြည်တော်သို့ ထိုးဖောက်ဝင် ရောက်နိုင်ရေး ကရင်နီ တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်ရာတွင် စစ်ရေးအရ အသာစီးရထားပြီဖြစ်ကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့-NTDF က ပြောဆိုသည်။

NTDF နှင့် ရှမ်း/တောင် ဖယ်ခုံ သစ်ကြိတ်(၁၀၀၄)တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့် ဩဂုတ်လ ၁၀ ရက်နေ့မှ ၁၄ရက်နေ့အထိ ပျဥ်းမနားအရှေ့ဘက် တောင်တန်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးကြောင်း NTDF က ဩဂုတ်လ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိ စစ်ရေးအခြေအနေနှင့်ပတ်သက်၍ မေးမြန်းရာတွင် NTDF ၏ ပြန်ကြားရေး တာဝန်ခံ ဦးမုတ်ဆိတ်က “စစ်ရေးအရတော့ အသာစီးရထားပါတယ်။ ကျနော်တို့နဲ့ဖယ်ခုံ PDF နှစ်ဖွဲ့ပေါင်းပြီး လုပ်ဆောင်တာပါ။ အင်အား ကတော့ သိပ်မများပေမယ့် စစ်ရေးပူးပေါင်း ဆောင်ရွက် တဲ့အနေအထားပေါ့။ စစ်ကောင်စီနဲ့အဲဒီရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၇ ပွဲမှာ သူတို့ ရဲ့ ဘို့မသံတောင်စခန်းကိုလည်း သိမ်းယူထားနိုင်ခဲ့ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ပွားသည့် စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်များလည်း သိမ်းဆည်း ရမိခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီးနောက် နေပြည်တော်နှင့် မိုင် ၂၀ သာကွာ ဝေးသော အဆိုပါစခန်းအား ပြန်လည်သိမ်းယူရန် စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် ပစ်ခတ်မှုများ တန်ပြန် လုပ်ဆောင်ခဲ့သည်ဟု ၎င်းပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။

၎င်းက “ဘို့မသံတောင်စခန်းက ပျဥ်းမနား(ရေနီ)ဘက်ကနေ ကရင်နီပြည်နယ် မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေဘက်ကို ဆက် သွားလို့ရတဲ့စခန်း တစ်ခုလည်းဖြစ်တယ်။ စစ်ကောင်စီ အတွက်တော့ စစ်ရေးအရ အရေးပါတဲ့ စခန်းတစ်ခုလို့ လည်း ပြောလို့ရတယ်” ဟု ပြောသည်။

ထို့အပြင် ဩဂုတ်လ ၁၁ ရက်နေ့က နှစ်ဖက်ဆက်လက်တိုက်ပွဲဖြစ်ပွားသည့် ဘို့မသံ တောင်အထက်ရွာသို့ စစ်ကောင်စီမှ လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ရေးပိုမို ပြင်းထန်လာမှုကြောင့် အနီးရှိ ဘို့မအောက်၊ ဘို့မအထက်၊ တဲစု၊ ရေပူလေး အစရှိသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

အလားတူ လေကြောင်းပစ်ခတ်ခံရမှုကြောင့်လည်း ဘို့မသံတောင်အထက်ရွာမှ ဒေသခံနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံအချို့ ထိခိုက်သေ ဆုံးမှုရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သည့် NTDF ၏ စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ထိုသို့ ဆက်လက်ထိုး ဖောက်ဝင်ရောက်နိုင်ရေး နေပြည်တော်အခြေစိုက် တော်လှန်ရေး အင်အားစု များအနေဖြင့် NTDF နှင့် လာ ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားသည်။

NTDF သည် သံတောင်ကြီးမြို့မြောက်ပိုင်းနှင့် ပျဥ်းမနားအရှေ့ဘက် တောင်တန်းဒေသတို့တွင် တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ စစ်ကောင်စီအား တွန်းလှန် တိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ် သလို မြောက်ပိုင်း နယ်မြေစိုးမိုးမှု အများအပြားရယူထားနိုင်သည့် တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...