ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာ

ကော်ဘရာစစ်ကြောင်းထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာ

တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေရှိ ကော်ဘရာ စစ်ကြောင်းထံသို့ စစ်ကောင်စီတပ်ဘက်မှ ဒု-တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံဝင်ရောက်လာကြောင်း ကေအဲန်ယူဗဟိုက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တပ်မ−၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၁၁၈) မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင်နှင့် တပ် သား အောင်မျိုးဇော်တို့ နှစ်ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ကော်ဘရာ စစ် ကြောင်းနှင့် ပူးပေါင်း၍ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားရန် လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်း ဝင် ရောက်လာခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟို၏ ဩဂုတ်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဘက်ပြောင်းဝင်ရောက်လာသည့် ဒု-တပ်ကြပ် နှင့် တပ်သားတစ်ဦးတို့တွင် ၆၀မမ၊ ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ ၆၀ မမကျည် ၅ လုံး၊ MA−၂ (၁)လက်၊ ကျည်ဘောက် (၅)ဘောက်နှင့် MA−၂ ကျည်(၁၅၀)တောင့်နှင့်အတူ ယူဆောင်လာပြီး KNLA ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှလည်း ၎င်းတို့ကို တစ်ဦးလျှင် ဘတ်ငွေ ၅ သောင်းဖြင့် ချီးမြှင့်ငွေ ပေးအပ်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် KNLA တပ်ဘက်သို့လက်နက်ချ ဘက်ပြောင်းဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဘက်မှ သတင်း ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာ ခြင်းမရှိ ကြောင်း တွေ့ရသည်။

စစ်တပ်က အာဏာသိမ်းမှုနောက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအသီးသီး၌ စစ်ကောင်စီတပ်ဘက်မှ တော်လှန်ရေး ပူးပေါင်းတပ်ဘက်သို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာမှုမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက် ပြားခြင်းကြောင့် ယခုလို ဘက်ပြောင်းလာရခြင်းဖြစ်ကြောင်း CDM ပြုလုပ်ထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဟောင်းများက ဆိုသည်။

အလားတူ လတ်တလောတွင်လည်း KNLA ပူးပေါင်းတပ်ဖွဲ့မှ သိမ်းယူထားသည့် စစ်ကောင်စီအတွက် အရေးပါ သည့် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီဘက်မှ ပြန်လည်ရရှိရန်အတွက် တပ်အင် အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်မှုများနှင့်အတူ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း ကေအဲန်ယူဗဟို၏ ဖော်ပြချက်အရသိရသည်။

Most read this week

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...