မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ

မလိယန်ရွာနီး စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲ

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ မလိယန်ရွာနီးမှာ စစ်တပ်က ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ကြိမ်လာရောက် ပစ်ခတ်သွားတယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အဲဒီ စစ်တပ်ရဲ့ဂျက်လေယာဉ် ၂စီးဟာ ဩဂုတ်လ ၄ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင်မှာ မန်းလေးတံတားဦး လေဆိပ်ကနေ တက်လာခဲ့ပြီး နေ့လည် ၁၁ နာရီခွဲလောက်မှာ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ KIO သတင်း နှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “တံတားဦးကနေ တက်လာတဲ့ လေယာဉ်  ၂ စီးနဲ့လာပစ်သွားတာမှန်တယ် ဒီနေ့က မြေပြင် တိုက်ပွဲတော့မရှိဘူး။ မနေ့ကတော့ ဂန်ဒေါင်ယာန် ဘက်ခြမ်းမှာရှိတဲ့ အရင်ရဲတွေထိုင်တဲ့ စစ်တပ်စခန်းတစ်ခု နောက်ဆုတ်သွားတယ်” လို့ ပြောပါတယ်။

ဒီကနေ့ စစ်တပ်က လာရောက် ဗုံးကြဲတိုက်ခိုက်သွားတဲ့ မလိယန်ရွာနားမှာ ဩဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီ တပ်နဲ့ ကချင်လွတ်လပ် ရေးတပ်မတော် KIA တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ဂန်ဒေါင်ယန်ဘက်က စစ်တပ် စခန်းတစ်ခုကနေလည်း နောက်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား- ဗန်းမော်လမ်းတစ်လျှောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်ကနေ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အပြင် စစ်တပ်ဘက်က နမ်ဆန်ယန် အနီးတစ်ဝိုက် ဇူလိုင်လ ၂၂ ရက်နေ့နဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိတိ လေကြောင်းနဲ့ လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား- ဗန်းမော် ကားလမ်းပေါ်မှာရှိတဲ့ မဒီးယန်၊ အောင်ဂျာ၊ ခရာဘက်ကနေ နမ်ဆန်ယန်ဘက် ဖြည်းဖြည်းချင်း စစ်ကြောင်းထိုး ဝင်ရောက်လာနေတဲ့အတွက် နှစ်ဖက် တိုက်ပွဲ ဆက်တိုက် ဖြစ် နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“အခုတိုက်ပွဲက ဆက်ဖြစ်နေတုန်း ဒီတိုက်ပွဲက ရက်ရှည်တိုက်ပွဲဖြစ်လာနိုင်တယ်။ အခုချိန်ထိလည်း တင်းမာနေ တုန်းဖြစ်တယ်။ စစ်တပ်ဘက်ကလည်း ပြည်သူတွေရှိတဲ့ဘက်တွေဆိုလက်နက်ကြီးနဲ့ ပစ်တာရှိနေတဲ့အတွက် ပြည်သူတွေ သတိထားနေစေချင်တယ်” လို့ ဆက်ပြောပါတယ်။

နမ်ဆန်ယန်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဒေသခံပြည် သူအားလုံး နေရပ်စွန်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရာကနေ ၂၀၁၈ ဒီဇင်ဘာလကစပြီး တချို့က နေရပ်ကို ပြန်လည် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံတွေ လုံခြုံစွာ နေရပ်ပြန်လည် နေထိုင်နိုင်ရေး နမ်ဆန်ယန်ကျေးရွာ အနီးတစ်ဝိုက်မှာ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့လုံးက ဝင်ရောက်တပ်စွဲနေထိုင်တာတွေ မလုပ်ကြဖို့ သဘောတူညီထားပေမယ့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာလည်း တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တစ်ကြိမ် နဲ့ ဇူလိုင်လ ၁ ရက်နေ့ တစ်ကြိမ် ရွာအနီးမှာ တပ်စွဲနေထိုင်ဖို့ ပြင်ဆင်လာတဲ့အတွက် ခုလိုတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ နမ်ဆန်ယန်ကျေးရွာက ဒေသခံတွေအပါအဝင် မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ကျေးရွာ အသီး သီးက ပြည်သူတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက်ကို ထပ်မံ တိမ်းရှောင်နေကြရပြီ ဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားပါသည်။

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...