မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၃၃၀ ကျော် လိုအပ်

မုန်တိုင်းသင့် ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၃၃၀ ကျော် လိုအပ်
မုန်တိုင်းအလွန် မေလ ၁၉ ရက်က မှတ်တမ်းတင်ထားသော ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင် ကလေးငယ်တစ်ဦး။
မုန်တိုင်းအလွန် မေလ ၁၉ ရက်က မှတ်တမ်းတင်ထားသော ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင် ကလေးငယ်တစ်ဦး။

“မိုခါ” မုန်တိုင်းဒဏ်သင့် ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၃၃ သန်း လိုအပ်လျက်ရှိသော်လည်း လက်ရှိ စစ်ကောင်စီရရှိထားသည့် အလှူငွေမှာ ဒေါ်လာ ၁၉ သန်း ဝန်းကျင်သာ ရှိကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။

စစ်ကောင်စီသည် မေလ ၁၅ ရက်နေ့ မှ ဇွန်လ ၁၃ ရက်နေ့အထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော် မတီ (DMC) ရုံးအပါအဝင် အစိုးရဝန်ကြီးဌာနများ၊ စစ်ဌာနချုပ်များ၊ ဘဏ်တိုက်ရိုက်အလှူရှင်များထံက ကျပ် ၂၆.၉၃၆ ဘီလီယံ၊ မြန်မာ့စီးပွားရေးဘဏ်စာရင်းမှတဆင့် ကျပ် ၃၀. ၀၂၁ ဘီလီယံ၊ Online Payment များက ကျပ် ၁၈.၁၄ သန်း စုစုပေါင်း ကျပ် ၅၆.၉၅၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၅၁၆,၁၇၇.၉၆ ခန့်သာရခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ထုတ် ISP-Myanmar အစီရင်ခံစာတွင် ဖော်ပြသည်။

“အလှူငွေရရှိမှုက အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁၉ သန်းဝန်းကျင်မျှသာ ရှိပါတယ်။ ကုလသမဂ္ဂခန့်မှန်းချက် ဒေါ် လာ ၃၃၃ သန်းနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။ ပြည်တွင်း အကူအညီ သက်သက်နဲ့ ဆိုလို့ကတော့ ပြန်လည်ထူထောင် ရေး မပြောနဲ့ ကယ်ဆယ်ရေးတောင် ခက်ခဲနိုင်တယ်” ဟု ISP-Myanmar က ဆိုသည်။

မုန်တိုင်းသင့်ဒေသတွင် ပြန်လည်ထူထောင်ရေး အကူအညီရရှိသူများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိပြီး ပြည့်စုံ လုံ လောက်မှု မရှိ ဖြစ်နေသည့်အချိန်တွင် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများအား ကူညီနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများအား ခရီးသွားလာခွင့်၊ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူရေးဆိုင်ရာကိစ္စရပ်များကို ဆိုင်းငံထားဆဲ ဟု ISP-Myanmar က ဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတကာအကူအညီများကို ရန်ကုန်သို့သာပို့ခိုင်းပြီး အလှူရှင်နိုင်ငံများက မုန်တိုင်းသင့်ဒေသ သို့ တိုက်ရိုက်လှူဒါန်းခွင့်မရရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “နိုင်ငံရေးအမြတ် ထုတ်ခြင်း” ဟု ရှုမြင်သည်။

“သူ(စစ်ကောင်စီ)တို့ အခုရရှိထားတဲ့ အလှူငွေနဲ့ လိုအပ်ချက်နဲ့ကတော့ လုံးဝကို ကွာခြားတယ်၊ မပြည်စုံဘူး။ အုပ် ချုပ်သူ အဆက်ဆက်ဟာ ဘယ်ကိစ္စမဆို သူတို့လက်ထဲကပဲ တခြားပြည်နယ်တွေကို သွားရမယ်ဆိုတဲ့ ဗဟိုက ချုပ်ကိုင်ချင်တဲ့ ဆန္ဒတွေရှိတယ်။ အခုဟာက နိုင်ငံရေးကိစ္စလည်း မဟုတ်ဘူး။ လူသားချင်းစာနာမှု အထောက် အကူပြုဖို့အတွက် လိုအပ်တဲ့ အကူအညီတွေသာဖြစ်တယ်။ အဲဒီလိုဟာတွေကိုမှ သူတို့ရဲ့လက်အောက်က သွား ရမယ်ဆိုတော့ ဒီဟာက နိုင်ငံရေးအမြတ်ထုတ်မှု လုပ်တာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် မုန်တိုင်းအလွန် နှစ်လကျော်ကြာသည့်တိုင် ပြည်သူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်သည်။

နိုင်ငံတကာအကူအညီများရရှိမှသာ မုန်တိုင်းသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အဆင်ပြေ မည်ဟုလည်း ရခိုင်ဒေသတွင်း လူမှုကူညီရေးအဖွဲ့များက ရှုမြင်သည်။

ပိုးရွှီပြင်မဟာမိတ်လူမှုကူညီရေးအသင်း ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်စိုးက “နိုင်ငံတကာအဖွဲ့အစည်း တွေကို လွတ်လပ်စွာ ကူညီခွင့်ပြုဖို့ အရေးကြီးတယ်။ အစိုးရ(စစ်ကောင်စီ)ရဲ့ ထောက်ပံ့မှုက လုံလောက်မှုမရှိ ဘူး။ နိုင်ငံတကာအဖွဲ့တွေ ကူညီခွင့်ရမှ ပြည်သူတွေအတွက် အများကြီး အထောက်အကူဖြစ်လာမယ်” ဟု ပြော သည်။

ဇူလိုင် ၁၉ ရက် ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် - ရခိုင်က ပုံမှန်စီမံကိန်းများကို ပြန်လည်စတင်နေပြီ ဖြစ်သော် လည်း ဆိုင်ကလုန်းကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ခွင့်များကို နှစ်လကြာသည့်တိုင် ကန့်သတ်ထားဆဲဖြစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်း အစီအစဉ်များအား ပြန်လည်အတည်ပြုနိုင်ရေးအတွက် စစ်ကောင်စီထံ တင်ပြ ထားကြောင်း ဖော်ပြသည်။

ISP Myanmar ၏ ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂအနေဖြင့် ရခိုင်နှင့် အခြားဒေသများတွင် မုန်တိုင်းသင့်ပြည်သူ ၁ ဒသမ ၆ သန်း ပြန်လည်ထူထောင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃၃၃ သန်းလိုအပ်မည်ဟု တောင်းခံ ထား သော်လည်း ၂၁.၇ သန်းခန့်သာ ရရှိသေးသည်ဟု ဆိုထားသည်။

Most read this week

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...