ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားပြိုကျ၊ သွားလာရေးအခက်ကြုံ

ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားပြိုကျ၊ သွားလာရေးအခက်ကြုံ

- ဝိုင်းမော်မြို့နယ် KIO ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာဆီ စစ်ကောင်စီစစ်ကြောင်းတွေ ထိုးစစ်ဆင်နေသေးတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး  ဒေသခံပြည်သူတချို့လည်း ဆက်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက်  အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။  

- ပူတာအိုနဲ့မုန်လန်ဒေသကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားဆောက်လုပ်ထားတာ တစ်နှစ်တောင် မပြည့်သေးပေမဲ့လည်း ရေကြီးရေလျှံပြီး ပြိုကျသွားတာကြောင့် ဒေသခံပြည်သူတွေ သွားလာရေးမှာ အခက်အခဲကြုံတွေ့နေရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဂွတ်ကျေးရွာအုပ်စုအတွင်း KIO က မှိုတွေဖမ်းယူသိမ်းဆည်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ တာဝန်ရှိ KIO အရာရှိတွေ ပြေလည်အောင် ညှိနှိုင်းဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2024
- မွန်လက်နက်ကိုင် ၄ ဖွဲ့ပေါင်းပြီး မွန်တပ်တော်တစ်ခု တည်ထောင်သွားဖို့ သဘောတူလိုက်ပါတယ်။ -...
December 23, 2024
- ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့...
December 23, 2024
- အင်အားကြီး မွန်တော်လှန်ရေးလက်နက်ကိုင် ၄ ဖွဲ့က ပူးတွဲစစ်ရေးလှုပ်ရှားမှု ပြုလုပ်သွားဖို့...
December 21, 2024
- မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ဘာကြောင့် ထိုးစစ်မဆင်နွှဲနိုင်သေးတာလဲ။ -...