KTLA အဖွဲ့ပစ်ခတ်၍ KNLA တပ်မဟာ(၄)မှ ဗိုလ်မှူးစောဖိုးစီအပါအဝင် ၂ဦးကျရှုံး

KTLA အဖွဲ့ပစ်ခတ်၍ KNLA တပ်မဟာ(၄)မှ ဗိုလ်မှူးစောဖိုးစီအပါအဝင် ၂ဦးကျရှုံး

ကော်သူးလေအာမီ-KTLAတပ်မှ ပစ်ခတ်သည့်အတွက် ကရင်အမျိုးသား အစည်းအရုံး - KNU တပ်မဟာ ၄ မှ စစ်ဘက်ရေးရာ ကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့် တပ်ဖွဲ့ဝင်တစ်ဦးက သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်ဟု KNU ဘက်က ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင် တပ် မဟာ (၄) ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) နယ်မြေအတွင်းရှိ မိုင်(၄၀) နေရာတွင် ဖုန်းလိုင်းရှိသောနေရာကိုသွားသည့် KNLA ကားကို ကော်သူးလေအာမီ - KTLAတပ်မှ ပစ်ခတ်သည့် အတွက် ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖုန်းလိုင်းရှိသည့် နေရာသည် ကော်သူးလေအာမီ -KTLA ဗိုလ်အယ်ခွီးဦးဆောင်သည့် တပ်ဖွဲ့ဝင်များ လှုပ်ရှားနေသည့် နယ်မြေဖြစ်၍ ထိုနေရာကို မသွားမှီအချိန်တွင် နယ်မြေအတွင်းရှိ KTLA အဖွဲ့ထံ ကြိုတင် အကြောင်းကြားထားပြီးမှ သွားခဲ့ခြင်းဖြစ်သော်လည်း ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဘက်မှ ဆိုသည်။

ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ”ဗိုလ်မှူးဖိုးစီက သူ့လူတွေနဲ့ပြီးတော့ တပ်ရင်း (၂၇) လူတွေနဲ့က တပ်ရင်း (၁၂) မှာသွားဖို့ ခရီးမထွက်မီ ဖုန်းကြိုဆက်ဖို့ ဖုန်းလိုင်းရှိတဲ့ နေရာကို သွားတာ ဖြစ် တယ်။ အဲ့ဒီမှာ ကစယ်ဒိုမြို့နယ်က နယ်မြေခံ တာဝန်ရှိသူ ပဒိုကာလီလားကိုမေးတော့ သူက အဲဒီက KTLA လူ တွေကို သူဖုန်းဆက်ပြီးပြီး သူတို့က မပစ်ဘူး သွားလို့ရတယ်ဆိုပြီး ပြောတော့သွားတယ်။ မိုင် (၄၀) နဲ့ ဖောတော် ရွာ အနီးရောက်တော့ KTLA က စောင့်ပြီးပစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

KNLA လိုက်ပါ စီးနင်းလာသည့် ကားနှစ်စီးတွင် အင်အား ၂၀ခန့်ပါဝင်ကာ စည်းမျဉ်းစည်းကမ်းအရ အကြောင်း ကြားထားပြီးဖြစ်နေသည့်အတွက် သတိမထားခင်အချိန်တွင် ကော်သူးလေအာမီ KTLA ဘက်မှ အဆင်သင့် စောင့်ကာ ပစ်ခတ်သောကြောင့် KNLAတပ်ဖွဲ့ဝင်ဘက်မှ ထိခိုက်မှုများသွားခြင်းဖြစ်သည်ဟု ပဒိုစောအယ်နာက ဆက်ပြောသည်။

အဆိုပါ KTLA ဗိုလ်အယ်ခွီး (ကော်လာဖိုး)အဖွဲ့၏ လုပ်ဆောင်ချက်သည် KNUကို ပြန်လည်ဆန့်ကျင်တိုက်ခိုက် ကာ ကရင်အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် အနှောင့်ယှက်အခက်အခဲ ဖြစ်စေသလို ရန်သူစစ်ကောင်စီ အတွက် လည်း အထောက်အကူဖြစ်စေလာသောကြောင့် အဆိုပါကော်လာဖိုးအဖွဲ့ဝင်များကို ထောက်ပံ့ပေးနေ သည့် ကရင်အမျိုးသားများအနေဖြင့် ပြန်လည်သုံးသပ်စေချင်ကြောင်းလည်း ပဒိုစောအယ်နာက ဖြည့်စွက် ပြော သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် ကိစ္စနှင့်ပတ်သက်၍ KTLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြကို ယနေ့ ညနေ ပိုင်းတွင် ကေအိုင်စီမှ ဆက်သွယ်မေးမြန်းရာမှာ အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ကေအိုင်စီသို့ ပြောသည်။

KNDOမှတစ်ဆင့် KTLA ဘက်သို့ပြောင်းသွားသည့် တနင်္သာရီတိုင်းအခြေစိုက် KTLA ဗိုလ်အယ်ခွီး (ကော်လာဖိုး) ဦးဆောင်သည့်အဖွဲ့သည် ထားဝယ်-ထီးခီးလမ်းတွင် KNUလက်အောက်ခံတပ်ဖွဲ့နှင့် မကြာခဏ ပစ်ခတ်မှုရှိကာ လမ်းမကြီးပေါ်တွင် သွားလာနေသည့် လူထုကားများကိုလည်း စစ်ဆေးခြိမ်းခြောက်ခြင်း၊ ကေအဲန်ယူ ဌာနဆိုင် ရာကားများကို ပစ်ခတ်ခြိမ်းခြောက်ခြင်းရှိသောကြောင့် ဇူလိုင်လ (၁၅) ရက်နေ့တွင်လည်း KNLA တပ်ရင်း (၁၀) နှင့် ပတ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးသည်။

Most read this week

November 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ကျေးရွာနှင့် မယ်ထော်သလေးကျေးရွာအတွင်းရှိ တရုတ်ငွေလိမ်...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...