ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး

ခင်ဦးမှာ လက်နက်ကြီးကြောင့် ၅ ရက်အတွင်း ကလေးငယ် ၁ ဦးအပါအဝင် ၄ဦးသေဆုံး
ဇူလိုင်၂၀ ရက်နေ့မှာ ထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ (ခင်ဦး သတင်းမှန်ပြန်ကြားရေး)
ဇူလိုင်၂၀ ရက်နေ့မှာ ထွက်ပြေးရေတဲ့ ခင်ဦးက စစ်ဘေးရှောင်များ (ခင်ဦး သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း ခင်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ပစ်ခတ်မူကြောင့် ၅ ရက်အတွင်းမှာ ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ခင်ဦးနယ် မူးသာရွာက ဒေသခံ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား တစ်ဦး သေဆုံးခဲ့ရတဲ့အတွက် ၅ ရက်အတွင်း သေဆုံးသူ ၄ ဦး အထိရှိလာတာ ဖြစ်ပါတယ်။

“သူတို့က ရေဦးနဲ့အစပ် ခင်ဦးဘက်က ရွာတွေကို လက်နက်ကြီးနဲ့ရမ်း သမ်းပစ်ခတ်နေတာ။ နေ့လည်းပစ်တယ် ညလည်းပစ်တယ်။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကတည်းကပေါ့။ မနေ့က သက်ပေးရွာထဲကျတယ်။ အဲ့မှာရေချိုးနေတဲ့ ကလေးငယ်က ပွဲချင်းပြီးဆုံးသွားတယ်။ သူ့မိသားစုဝင်တွေလည်း ဒဏ်ရာရခဲ့တယ်” လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဇူလိုင် ၁၆ ရက်နေ့က အင်းပတ်ရွာက အမျိုးသားတစ်ဦး၊ ဇူလိုင် ၁၉ ရက်နေ့ မနေ့က သက် ပေးရွာက အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဒီကနေ့မှာတော့ မူးသာရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး တို့ သေဆုံးခဲ့ရတယ်လို့ သူကပြောပါတယ်။

လက်နက်ကြီးပစ်ခတ်ခံခဲ့ရတဲ့ အင်းပတ်၊ သက်ပေးရွာနဲ့ မူးသာရွာတို့ဟာ ရေဦးနယ်နဲ့ ၂မိုင်လောက်သာဝေးတဲ့ ခင်ဦးနယ်က ရွာတွေဖြစ်ပြီး အဲ့ဒီ မြို့နှစ်မြို့နယ်ကြား မူးမြစ် တစ်ခုသာ ခြားတယ်လို့ ဒေသခံတွေက ပြောပါ တယ်။

လက်နက်ကြီးပစ်ခတ်ခံရတဲ့ ရွာတွေဟာလည်း တစ်ရွာနဲ့တစ်ရွာ ပေ ၃၀၀ လောက်သာ အကွာအဝေးရှိပြီး လက် နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ခံရတဲ့ အပြင် မြေပြင်စစ်ကြောင်းပါ ဝင်ရောက်လာတဲ့အတွက် ဒေသခံ ၅ ထောင် ကျော်လည်း ထွက်ပြေးနေကြရတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

“ဒီနေ့ကျတော့ ရေဦးက လက်နက်ကြီးတွေ ပစ်ပြီးသိပ်မကြာဘူး။ အင်းပတ်ကွေ့ ဈေးတန်း အထိုင်ချထားတဲ့ စစ် ကောင်စီအဖွဲ့တွေနဲ့ ရွာသစ်ကုန်းပျူတွေ ပေါင်းပြီး အနီးတစ်ဝှိုက်က ရွာတွေကိုပဲ စစ်ကြောင်းထိုးလာတဲ့ အတွက် မိုးရွာကြီးထဲထွက်ပြေးနေရတယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းကြောင့် ခင်ဦးနယ်က ရွာသစ်၊ မူးသာ၊ သက်ပေး၊ အင်းပတ်၊ ချမ်း သာကုန်း၊ ညောင်ပင်ခြံနဲ့ ဆည်ကြီးရွာက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အို ဒေသခံ ၅ထောင် ကျော် ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတွေနဲ့ အကာအကွယ်ရှိတဲ့ နေရာတွေမှာ ခိုလှုံကြဖို့အပြင် ကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ် ပြန်တာတွေကို နားစွင့်ကြဖို့ သတိပေးထားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း နိုင်ငံရေးပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ အရပ်သား သေ ဆုံးသူ ၂၄၀၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီ ကျု (ISP Myanmar)က ထုတ်ပြန်ထားပါတယ်။

Most read this week

November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...
October 31, 2024
ဗန်းမော်နဲ့ မိုးမောက်ကြားမှာရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ မိုးမောက် ခမရ ၄၃၇ တပ်ရင်းဘက်ကို...
October 30, 2024
ကချင်အထူးဒေသ (၁) ဖီမော်မြို့ နယ်စပ်ဂိတ်ကို တရုတ်ဘက်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့...
October 28, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာရှိတဲ့ ကချင်နှစ်ချင်းခရစ်ယာန်  KBC ဘုရားကျောင်းကို...