ကရင်လူငယ် စသိန်းဇော်မင်း အပါအဝင် လူငယ် ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်စီချမှတ်

ကရင်လူငယ် စသိန်းဇော်မင်း အပါအဝင် လူငယ် ၃ ဦး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ်စီချမှတ်

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ကရင်လူငယ် စသိန်းဇော် မင်းကို ပ ၆လ နီးပါးကြာ ဖမ်းဆီးထားပြီးနောက် ၎င်းနှင့်အတူ လူငယ် ၂ ဦးကို အကြမ်းဖက် ဥပဒေပုဒ်မ နှစ်ခုဖြင့် တရားစွဲဆို၍ အလုပ်ကြမ်း နှင့်ထောင်ဒဏ် (၁၀)စီ အပြီးသတ် အမိန့် ချတ်မှတ်ခဲ့ကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က စသိန်းဇော်မင်းကို စစ်ကောင်စီက နေအိမ်မှ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က၊ ၅၂-က တို့ဖြင့် တရားစွဲဆို၍ မြောင်းမြထောင်တွင်း တရားရုံး၌ ဇူလိုင် လ ၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀ )နှစ် အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည် ဟု ၎င်းနှင့် နီးစပ်သူ ကရင်လူငယ်တစ်ဦးက ပြောသည်။

“သူ့ကို မြောင်းမြထောင်တွင်း တရားရုံးမှာ ပုဒ်မ ၅၀-က၊ ၅၂-က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချလိုက် ပါ တယ်။ သိန်းဇော်မင်းကို ဘာသက်သေမှ ခိုင်ခိုင်လုံလုံ မရှိဘဲ အမိန့်ချမှတ် လိုက်ခြင်းဖြစ်တယ်။ မတရား ပြစ်ဒဏ် ချမှတ်ခံရခြင်းသာဖြစ်တယ်” ဟု ၎င်းလူငယ်က ကေအိုင်စီသို့ ပြောသည်။

ထို့အတူ စသိန်းဇော်မင်းနှင့်အတူ အမှုတွဲ ပါဝင်သည့် စောနေမူး နှင့် မျိုးကျော်တို့ နှစ်ဦးကိုလည်း အဆိုပါ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ နှစ်ခုဖြင့် အလုပ်ကြမ်းမပါဝင်ဘဲ ထောင်ဒဏ် ၁၀ နှစ်စီ ပူးတွဲ ချမှတ် လိုက်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ရရှိမှာ ဖြစ်ကြောင်းလည်း အဆိုပါ ကရင်လူငယ်က ဆက်ပြောသည်။

စသိန်းဇော်မင်းကို ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချမှု မတိုင်ခင် ဇန်နဝါရီလအတွင်း ဖမ်းဆီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးအကြိမ် ဖမ်းဆီးမှု မတိုင်ခင် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း အိမ်မဲ ကရင်စာ/ယဉ် ရုံးတွင် စာ/ယဉ် အရေး ကိစ္စများအတွက် အစည်းအဝေး ပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဟုတ် မဟုတ် စစ်ဆေးရန်ဟုဆိုကာ ပထမဦးဆုံးအကြိမ် ဖမ်းဆီးခဲ့သေးပြီး အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့သေးသည်။

အဖမ်းဆီးခံရသူ ကရင်လူငယ် စသိန်းဇော်မင်းသည် ၎င်းနေထိုင်ရာ အိမ်မဲမြို့နယ်အတွင်း ကရင်စာပေ ယဉ်ကျေး မှု တိုးတက်ပြန့်ပွားရေးအတွက် အပြင် ကရင်လူငယ်များအား အခြေခံကွန်ပျူတာ သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများကို စာ/ယဉ် နှင့်တွဲဖက်၍ လိုက်လံ ဖွင့်လှစ် ကူညီသင်ကြား ပေးနေခြင်းသာ ဖြစ်သည်။

စစ်ကောင်စီဘက်မှ စွပ်စွဲပြောဆိုသလို PDF အဖွဲ့ဝင်မဟုတ်ကြောင်း နှင့် ယခုကဲ့သို့ အမိန့်ချမှတ်ခံရမှုအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း ၎င်းနှင့် နီးစပ်သည့် အခြား ကရင်လူ ငယ်တစ်ဦးကလည်း ပြောသည်။

၎င်းက “သူက ကရင်အမျိုးသားအရေးအတွက်ပဲ လုပ်ဆောင်နေတာပါ။ ဘာမှ PDF မဟုတ်ဘူး။ ကျနော်တို့ ကောင်းကောင်းသိတယ်။ အခုလို မတရားအမိန့်ချခံလိုက်ရတော့ အတော်လေး စိတ်မ ကောင်းဖြစ်မိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အများနည်းတူ လွတ်ငြိမ်းချမ်းသာခွင့် မှာ ပါလာပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ” ဟု ပြောသည်။

စသိန်းဇော်မင်းသည် ယခုကဲ့သို့ ဖမ်းဆီးအမိန့်ချမှတ်ခံရမှု မတိုင်ခင် ယခင်ကတည်းက ကရင်စာပေ နှင့် ယဉ် ကျေးမှု ပြန့်ပွားရေး လုပ်ငန်းများအပြင် ကရင်အမျိုးသားရေး အတွက်ကိုသာ လှုပ်ရှားဆောင်ရွက် နေသူဖြစ်ပြီး အဆိုပါ လုပ်ဆောင်မှုများကြောင့် အာဏာသိမ်းမှု မတိုင်ခင်ကလည်း တစ်ကြိမ်အဖမ်းဆီး ခံခဲ့ရသေးသည်။

စသိန်းဇော်မင်းကို ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နှစ် ၇၀ မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဦးဆောင်ပြုလုပ်ခြင်းကြောင့် ၎င်းနှင့်အတူ ကရင်လူငယ် စောစာကွာလာတို့ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...