ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု ပိုမိုများလာနေ

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးရောင်းဝယ်သုံးစွဲမှု ပိုမိုများလာနေ

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲရာတွင် အလွယ်တကူဝယ်ယူ၍ ရလာနေပြီး ဆယ် ကျော်သက်လူငယ်များပါ သုံးစွဲမှု ပိုမိုများလာနေသည်ဟု သုံးစွဲသူ လူငယ်များက ပြောသည်။

ဇန်နဝါရီလမှစ၍ မေလ ၃၁ ရက်နေ့အထိ WY စိတ်ကြွဆေးပြား၊ ဆေးခြောက်ရွက်ပွင့်၊ ရေခဲ(အိုက်စ်)၊ ဘိန်းစာ ရွက်နှင့် ကတ်တမင်းဆေးဝါးများကို ပြည်နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးအမှုပေါင်း ၁၃၆ မှုနှင့် တရားခံ ၁၆၈ ဦးအား အရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု ဇွန်လ ၂၆ ရက်နေ့က ဖားအံမြို့ဇွဲ ကပင်ခန်းမ၌ ကျင်းပ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနား တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ပြောသည်။

ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး ပမာဏတန်ဖိုးနှင့် မည်သည့်တရားခံများအား ဖမ်းဆီးရမိ သည်ကို အဆိုပါအခမ်းအနားတွင် ထုတ်ဖော်ပြောဆိုမှု မရှိသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုရှိသည့်အတွက် ရောင်းဝယ်သုံးစွဲသူ ပိုမိုများလာခြင်းဖြစ်သည်ဟု ဖားအံမြို့ရှိ သုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “အရင်က အခြားနယ်ကနေသွားယူရင် လမ်းမှာဖမ်းတယ်။ မိရင်ထောင်ကျတယ်။ အခုက BGF၊ ရဲ၊ တပ်တွေက မဖမ်းတော့ဘူး။ အလုံး ၁ဝဝ ရာမိရင် ကိုယ့်အတွက်က ၅ဝ ပေးစားတယ်။ ကျန် ၅ဝ စာက ငွေတန် ဖိုးနဲ့ သူတို့ကိုပြန်ပေးရင်ရပြီး။ ဖားအံမှာဆို အလွယ်တကူဝယ်လို့ ရလာတယ်။ ၁ဝ ကျော်သက် လူငယ်တွေဆို အတော်သုံးစွဲလာကြတယ်” ဟု ဇွန်လ ၂၇ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

မြင်းဆေးဟုခေါ်သော WY တစ်လုံးလျှင် ယခင်စျေး ၃ဝဝဝ ကျပ်မှ ယခု ၅ဝဝဝ ကျပ်အထိ စျေးပေါက်ကာ လက်ရှိဖားအံမြို့ပေါ်တွင်ပင် ဆေးတစ်လုံး ၁ဝဝဝ၊ ၁၅ဝဝ ကျပ်ကို အလွယ်တ ကူဝယ်ယူသုံးစွဲနိုင်လာပြီး အခြား ဆေးဝါးများဖြစ်သည့် ဆေးခြောက်ရွက်ပွင့်နှင့် ဘိန်းစာရွက်ပြုတ် ရည်များကိုလည်း စျေးပေါပေါဖြင့် အလွယ် တကူ ဝယ်ယူ၍ရသည်ဟု သုံးစွဲသည့်လူငယ်များက ပြောသည်။

“စစ်တပ်မှာက စခန်းတွေမှာ အရာရှိကအစ မြင်းဆေးတွေ သုံးလာကြတယ်။ ရောင်းတဲ့သူတွေနဲ့ သူတို့ ဆက်နွှယ် မှုရှိတယ်။ ရှေ့တန်းတွေမှာလည်း သုံးကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက် ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားတစ်ဦးက ကေအိုင်စီ-ကရင်သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုထားသည်။

ကရင်ပြည်နယ်အနေဖြင့် ၂ဝ၂၁ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၄၄၁ မှုနှင့် တရားခံ ၆၄၇ ဦး၊ ၂ဝ၂၂ ခုနှစ်တွင် အမှုပေါင်း ၄၉ဝ မှုနှင့် တရားခံ ၆၂၅ ဦး၊ ၂ဝ၂၃ ခုနှစ် မေလ ၃၁ ရက်နေ့အထိတွင် အမှုပေါင်း ၁၃၆ မှုနှင့် တရားခံ ၁၆၈ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု စစ်ကောင်စီ၏ ပြန်ကြားရေးဌာနများ တွင် ဖော်ပြထားသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...