စစ်ကောင်စီလက်ထက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၀၀ ကျော်ရှိဟု BWU ပြော

စစ်ကောင်စီလက်ထက် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၀၀ ကျော်ရှိဟု BWU ပြော

စစ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်မှ လက်ရှိ ၂၀၂၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုပေါင်း (၁၀၃) မှုရှိကြောင်း မြန်မာအမျိုးသမီးများ သမဂ္ဂ - BWU မှ ဇွန်လ (၁၇) ရက်နေ့တွင် ထုတ်ပြန်သည့် သုံးသပ်ချက်စာတမ်း အရသိရသည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကရင်နီပြည်နယ်၊ စစ်ကိုင်း၊ မကွေး နှင့် ပဲခူးတိုင်းတို့တွင် အများ ဆုံးကြုံတွေ့ခဲ့ရပြီး အမျိုးသမီးများအတွက် တရားမျှတမှုနှင့် လုံခြုံစိတ်ချရမှု ပျောက်ဆုံးလာနေကြောင်း BWU ၏ စာတမ်းကဆိုထားသည်။

အဆိုပါ အမှုပေါင်းတစ်ရာကျော်တွင် BWU မှလက်လှမ်းမီသလောက် ပြုစုထားသော လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု ၃၆ မှု၊ အိမ်တွင်းအကြမ်းဖက်မှု အပါအဝင် ကာမလိမ်လည်မှု ၂၃ မှုနှင့် ခိုင်လုံသော သတင်း မီဒီယာများမှ ရရှိသည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၅၄ မှု ရှိနေပြီး ကဏ္ဍအားဖြင့် စစ်ကောင်စီမှ ကျုးလွန်သောအမှု၊ စစ်ကောင်စီလက်အောက်ခံမဟုတ်သည့် အခြားလက်နက်ကိုင်များမှ ကျူးလွန်သော အမှုနှင့် အရပ်သား အချင်း ချင်း ကျူးလွန်သောအမှုဟူ၍ ရှိကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

ထိုသို့ BWU အနေဖြင့် စာတမ်းပြုစုရန်အတွက် သတင်းအချက်အလက်များ ကောက်ယူရာတွင် လုံခြုံရေးပိုင်း သာမက အသက်အန္တရာယ် ထိခိုက်နိုင်ခြင်းနှင့် ဘေးကင်းလုံခြုံမှုမရှိသည့်ကြားမှ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း BWU ၏ သတင်း နှင့် မှတ်တမ်း ပြုစုရေးသားရေးတာဝန်ခံ မသွယ်ဇင်တိုးက ယခုကဲ့သို့ ပြောသည်။

၎င်းက “တရားဥပဒေ စိုးမိုးမှုမရှိတော့ ကျမတို့ခွဲထားတဲ့ကဏ္ဍအလိုက် စိန်ခေါ်မှုရှိတယ်။ စစ်တပ်ကျုးလွန်တဲ့ စာရင်းကို ကောက်ခံသူတွေဆိုရင် လုံခြုံရေးအပိုင်းက စိုးရိမ်စရာရှိပြီးတော့ လက်နက်ကိုင်တွေ ကျုးလွန်တဲ့ အမှုကို ကောက်ယူတဲ့နေရာမှာလည်း ဒလန်လားဆိုပြီး မယုံမကြည်ဖြစ်ခံရတာရှိတယ်။ အရပ်သား အချင်း ချင်း ကျုးလွန်မှုဆိုရင်လည်း အချိန်မရွေးကိုယ့်ကိုရန်ပြုလာနိုင်တာမျိုးရှိခဲ့တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၏ သားကောင်ဖြစ်နေရခြင်းမှာ ဖိုဝါဒကြီး စိုးမှုနှင့် အယူအဆအလွဲများမှအရင်းခံကြောင်း၊ မုဒိန်းမှုများဖြစ်လာသည့်အခါ အမျိုးသမီးများသည်သာ ဝေဖန်မှုအများ ဆုံး ခံနေရကြောင်း၊ ကျုးလွန်သူများမှာလည်း ထိုက်တန်သော အပြစ်ဒဏ်နှင့် ရှုတ်ချမှု မခံရသောကြောင့် အကြမ်းဖက်မှုများ ဆက်လက်ရှိနေခြင်းဖြစ်ကြောင်း BWU ၏စာတမ်းတွင် ထည့်သွင်း ရေးသားထားသည်။

“ဒီလိုတွေ မဖြစ်ဖို့ ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေ ရှိရမယ်။ ပြီးတော့ လူ့အသိုင်းအဝိုင်းရဲ့ စဥ်းစား တွေးခေါ်မှု ပုံစံတွေကိုလည်း ပြောင်းရမယ်။ အမျိုးသမီးဆိုတာ အနိုင်ကျင့်လို့ရပြီး ဘောင်ကန့်သတ်ချက်ထဲမှာ နေရမယ်ဆိုတဲ့ အတွေးအခေါ်တွေထဲက ကျော်ကြည့်ဖို့လိုတယ်။ လက်ရှိမျိုးဆက်မှာ မဖြစ်ပွားအောင်ဆိုရင် ခိုင်မာတဲ့ဥပဒေတွေနဲ့ပညာပေးရေးအပိုင်းမှာရောပေါ့ ထိန်းကျောင်းသွားဖို့လိုလိမ့်မယ်” ဟု မသွယ်ဇင်တိုးက ဆက်ပြောသည်။

ဆက်လက်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့အနေဖြင့် ပဋိပက္ခကာလအတွင်း လိင်ပိုင်းအကြမ်းဖက်ခံရမှုမှ နစ်နာသူများ၏တရားမျှတမှုအတွက် မူဝါဒ များရေးဆွဲခြင်း၊ လက်အောက်ခံ တော်လှန်ရေးတပ်များမှ ကျူးလွန်သူများကို အမြန်ဆုံးအရေးယူရန်နှင့် တိုင် ကြားနိုင်သည့် ယန္တရားများထားရှိရန်ပါ BWU က တိုက်တွန်းတောင်းဆိုထားသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အခြားတော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့အဖွဲ့ အစည်း၊ အုပ်စုအတွင်းဖြစ်ပွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအား ပွင့်လင်းမြင်သာမှုဖြင့် အမျိုးသား၊ အမျိုး သမီး မခွဲခြားသော တရားစီရင်ရေးစနစ်ကျင့်သုံး၍ တိကျသည့် မူဝါဒများ ချမှတ်အရေးယူရန် နှင့် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုလည်း ဆက်လက်တိုက်တွန်းထားသည်။

အလားတူ နိုင်ငံတကာအနေဖြင့်လည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် လူ့အခွင့်အရေးချိုး ဖောက် မှုများအား မျက်ကွယ်မပြုဘဲ ကျူးလွန်သူစစ်ကောင်စီအား အမြန်ဆုံးအရေးယူရန်လည်း BWU က သုံးသပ် ချက်စာတမ်းမှတဆင့် တောင်းဆိုထားသည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...