TNLA တပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခံရ၊ ဒဏ်ရာ ပြင်းထန်

TNLA တပ်သား နှစ်ဦး သေနတ်ဖြင့် ပစ်ခံရ၊ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်း - ကောင်းဝိုက်ကျေးရွာအနီးမှာ တအာင်းလွတ်မြောက် ရေးတပ်မတော် PSLF/ TNLA တပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်နှင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်ဒဏ်ရများ ရရှိခဲ့ကြသည်။

ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်း ၁၁ ခွဲအချိန်တွင် မူဆယ်မြို့နယ်၊ ဟိုနားပန်စုံကျေးရွာဘက်သို့ လူအချို့ကို သွားပို့ပြီး ပြန်လာသည့် TNLA တပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု တာ ဝန်ရှိသူများက ပြောသည်။

မြေပြင်တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ “ဟိုနားပန်စုံမှာ TNLA တပ်ဖွဲ့တွေရှိတယ်။ မော်တောင်း မှာလည်း ရှိထားတယ်။ လူတစ်ယောက်ကို ဟိုနားပန်စုံဘက် သင်တန်းသွားပို့မယ်။ လူလဲပြီး လာမယ်ပေါ့နော်။ ဆိုင်ကယ်စီးသွားတယ်။ အပြန်မှာ ယူနီဖောင်းနဲ့ လူချိန်းပြီး ပြန်လာတာ။ စစ်တပ်က လမ်းပေါ်မှာ တွေ့လိုက် တာ။ သူတို့သွားတဲ့ချိန် စစ်ကြောင်းက မရှိထားဘူး။ ပြန်လာတော့ စစ်ကြောင်းက လုံခြုံရေးနဲ့ လမ်းမှာချထား ပြီ။ သူတို့ နှစ်ယောက်က ဆိုင်ကယ်စီးလာတော့ စစ်ကြောင်းက ပစ်ခတ်လိုက်တယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။

သေနတ်နှင့် ပစ်ခတ်ခံရသည့် PSLF/TNLA တပ်ဖွဲ့ဝင်နှစ်ဦးသည် TNLA တပ်မဟာ ၇ မှ တပ်ဖွဲ့ဝင်များ ဖြစ်ပြီး တစ်ဦးမှာ ဝမ်းဗိုက်တွင် ထိမှန်ကာ ကျန်တစ်ဦးမှာ လက်တွင် ထိမှန်ခဲ့ခြင်း ဖြစ်သည်။

မော်တောင်း - ကောင်းဝိုက်ကျေးရွာအဝင် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေချိန် TNLA တပ်ဖွဲ့ဝင် ၂ ဦးမှာ လက်နက်ကိုင်ဆောင်ကာ အရပ်ဝတ်နှင့် ဆိုယ်ကယ်ဖြင့် လာနေစဉ် ပစ်ခတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဖြစ်စဉ်ကို သိမြင်သူအချို့က ဆိုသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ထိမှန်ဒဏ်ရာ ရရှိသွားသူများကို တအာင်းဒေသအတွင်းရှိ လုံခြုံသည့် နေရာတစ်ခုတွင် ဆေးကုမှုပေးထားရသည်ဟု ဆိုသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီးမိုင်းအိုက်ကျော်ကို ဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

TNLA တပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အကြားတွင်လည်း တိုက်ပွဲများ၊ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းမှ ပစ်ခတ်မှုများကိုလည်း စစ်အာဏာ သိမ်းမခင်ကရော၊ သိမ်းပြီးနောက်ပိုင်းတွင်မှာ ပြုလုပ်လေ့ရှိသည်။

TNLA တပ်ဘက်ကလည်း ညီနောင်မြောက်ပိုင်းအဖွဲ့ဝင်များနှင့် ပူးပေါင်းက ရှမ်းမြောက်ဒေသရှိ မြို့နယ်များ အတွင်းရှိ စစ်ကောင်စီတပ်၏ ဂိတ်များ၊ စခန်းများအပြင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများကို မိုင်းဆွဲတိုက်ခိုက်မှုများ မကြာခဏ လုပ်လေ့ရှိသည်။

ယခု TNLA တပ်ဖွဲ့ဝင် နှစ်ဦး ပစ်ခတ်ခံရသည့် မူဆယ်မြို့နယ် မော်တောင်း-ကောင်းဝိုက်ကျေးရွာ အနီးသည် တအာင်းလွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ များ သွားလာလှုပ်ရှားလျှက်ရှိနေသည့် နယ်မြေ ဖြစ်သည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...