စစ်ကောင်စီပါဝင်မည့် ဆွေးနွေးပွဲဖျက်သိမ်းရန် KPSN အပါအဝင် အရပ်ဘက်အဖွဲ့ သုံးရာကျော် ထိုင်း အိမ်စောင့် အစိုးရထံ အိတ်ဖွင့်စာပေးပို့

စစ်ကောင်စီပါဝင်မည့် ဆွေးနွေးပွဲဖျက်သိမ်းရန် KPSN အပါအဝင် အရပ်ဘက်အဖွဲ့ သုံးရာကျော် ထိုင်း အိမ်စောင့် အစိုးရထံ အိတ်ဖွင့်စာပေးပို့

ထိုင်းအိမ်စောင့်အစိုးရမှ ဦးဆောင်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ကောင်စီ၏နိုင်ငံခြားရေးဝန်ကြီးအား ဖိတ် ခေါ်၍ ဇွန်လ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ ပြုလုပ်မည့် မြန်မာ့အရေး ဆွေးနွေးပွဲအား ဖျက်သိမ်းပေး ရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSN အပါအဝင် အရပ်ဘက်အဖွဲ့အစည်းပေါင်း သုံးရာကျော် မှ ယမန်နေ့ ဇွန်လ (၁၈) ရက်နေ့တွင် အိတ်ဖွင့်စာ ပေးပို့တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ယခုကဲ့သို့ ဖိတ်ခေါ်မှု လုပ်ရပ်သည် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသော စစ် ကောင်စီကို တော်လှန်နေကြသည့် မြန်မာပြည်သူလူထုများအား စော်ကားလိုက်ခြင်းဖြစ်သလို အစိုးရ တစ်ရပ် အနေဖြင့် တရားဝင်မှု မရှိသောကြောင့် စစ်ကောင်စီကို နိုင်ငံအဆင့်အစည်းအဝေး များတက်ရောက် ရန် ဖိတ် ကြား ခြင်းမပြုရမည့် အာဆီယံ၏သဘောတူညီချက်ကို ဆန့်ကျင်နေကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထား သည်။

စစ်ကောင်စီပါဝင်မည့် ထိုအစည်းအဝေးသည် မြန်မာနိုင်ငံအတွင်းရှိ စစ်ကောင်စီ၏အကြမ်းဖက်မှုများကို ပိုမို တိုးပွားလာစေသည် သာမက နိုင်ငံတကာ၏ အကြပ်အတည်းဖြေရှင်းရန်ကြိုးပမ်းနေမှုကိုပါ ပျက်ပြား စေမည် ဖြစ်သောကြောင့် ဖိတ်ကြားခံရသောနိုင်ငံများအနေဖြင့်လည်း အစည်းအဝေးမတက်ရောက်ကြရန်လည်း အရပ် ဘက်အဖွဲ့များက တောင်းဆိုထားသည်။

အိတ်ဖွင့်စာပါ ပြောရေးဆိုခွင့်ရှိသူ စောအဲလက်စ်က “အာဆီယံကတော့ လက်ခံမှာမဟုတ်ပေမယ့် တစ်သီး ပုဂ္ဂလအနေနဲ့ ပါဝင်လာနိုင်တယ်။ ပြီးတော့ တရုတ်နဲ့ အိန္ဒိယက ဆွေးနွေးပွဲမှာပါလာ မလားပေါ့။ ဒီနှစ်နိုင်ငံ က ပါ လာမယ်ဆိုရင်တော့ အာဆီယံအတွက် ဖိအားရှိလာနိုင်တယ်။ ပြောရရင် ထိုင်းရဲ့လုပ်ရပ်က မြန်မာ ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့အတွက် ကျနော်တို့ အနေနဲ့ကတော့ ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ ထိုင်းအစိုးရအနေနဲ့ လည်း အနိုင်ရပါတီလက်ထဲကို လက်လွှဲပေးသင့်တယ်။ ဒီလိုဖိတ်ခေါ်မှုကိုမလုပ်သင့်ဘူး” ဟု ကေအိုင်စီသို့ ပြော သည်။

ထို့အပြင် ထိုင်းအိမ်စောင့်အစိုးရ၏ အလွတ်သဘောတွေ့ဆုံစည်းဝေးရန် ဖိတ်ခေါ်မှုကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် စင်ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ငြင်းဆိုထားကြောင်း နိုင်ငံတကာသတင်းမီဒီယာ ရိုက်တာစ်က ဖော်ပြထားသည်။

ကိုအဲလက်စ်က “ထိုင်းကဖိတ်တာကို အာဆီယံနိုင်ငံ အချို့က လက်မခံတဲ့သဘောဆိုတော့ ဒီအစည်းအဝေးက ကြီးကြီးမားမား ပြောင်းလဲစေတာ ရှိမယ်မထင်ဘူး။ ထိုင်းအစိုးရ အနေနဲ့ကလည်း အာဏာသက်တမ်းကုန် ခါနီးမှာ ဒီလိုတွေ့ဆုံဖို့ ဖိတ်ခေါ်တာဟာ စစ်ကောင်စီအတွက် အာဆီယံကနေ သဘောတူညီချက်တစ်ခုခု ရစေ ချင်တဲ့ သဘောဖြစ်ပြီးတော့ စစ်ကောင်စီကလည်း အာဆီယံနဲ့ နိုင်ငံတကာရဲ့ ပစ်ပယ်ခံထားရတော့ ပြန် တရား ဝင်မှု ရှိလာအောင်လုပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့လို့မြင်ပါတယ်” ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပမည့် အဆိုပါအစည်းအဝေးပွဲအား အာဆီယံနိုင်ငံများ၏ သဘောတူညီ ချက်အရ တက်ရောက်မည် မဟုတ်ဘဲ ထိပ်သီးအစည်းအဝေးပွဲတွင် ချမှတ်ထားသည့်ဆုံးဖြတ်ချက်အတိုင်း ဆက် လက် ရပ်တည်ဆောင်ရွက်သွားရန် အရေးကြီးကြောင်း အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကလည်း ဇွန်လ (၁၈) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အလားတူ အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ကလည်း စစ်ကောင်စီအားဆွေးနွေးပွဲဖိတ်ကြားခြင်းသည် အိမ်နီး ချင်း မြန်မာပြည်သူများ၏ ဆန္ဒကို မျက်ကွယ်ပြုနေသလို စစ်ကောင်စီကို အသိအမှတ်ပြုထောက်ခံရာ ရောက်နိုင် သည့်အတွက် ကန့်ကွက်ကြောင်း နှင့် နယ်စပ်ဒေသလုံခြုံတည်ငြိမ်ရေး၊ နှစ်နိုင်ငံပြည်သူများ၏ အေးချမ်းသာယာ ရေးနှင့် ဆက်ဆံရေး ကောင်းမွန်မှုတို့အတွက် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဇွန်လ (၁၇) ရက်နေ့က တိုက်တွန်းထားသည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...