နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှုပိတ်ထားသဖြင့် ကျပ် ၁ သိန်းမှ ၅ သိန်းအထိပေးကာ ပြုလုပ်နေရ

နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ထုတ်ပေးမှုပိတ်ထားသဖြင့် ကျပ် ၁ သိန်းမှ ၅ သိန်းအထိပေးကာ ပြုလုပ်နေရ
၂၀၂၀ မတ်လ ကိုဗစ်ကာလအတွင်း ကန်ပိုက်တည်ရှိ လက်မှတ်ပြုလုပ်ပေးနေသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန
၂၀၂၀ မတ်လ ကိုဗစ်ကာလအတွင်း ကန်ပိုက်တည်ရှိ လက်မှတ်ပြုလုပ်ပေးနေသည့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန

ကချင် - တရုတ်နယ်စပ် ကန်ပိုက်တည် နယ်စပ်ဂိတ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ - Border Pass) အသစ်ပြု လုပ်ပေးမှုကို ရပ်ဆိုင်းထားသော်လည်း ပွဲစားများနှင့် ညှိနှိုင်းပြီး ကျပ် ၁ သိန်းခွဲမှ ၅ သိန်း ဝန်းကျင်အထိ ပေးဆောင်ကာ စာအုပ်အသစ်လုပ်ကာ သွားလာခွင့်ရနေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၁၂ နေ့မှ စတင်၍ ကချင်ပြည်နယ် စစ်ကောင်စီ လုံနယ်၏ ညွန်ကြားမှုဖြင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးမှုကို ရပ်ဆိုင်းထားရသောကြောင့် လက်ရှိ ကန်ပိုက်တည်မြို့တွင် ခရီးသွားပြည်သူ ၅၀၀ ခန့် သောင်တင် နေချိန် ငွေပေးကာ စာအုပ်အသစ်ပြုလုပ်မှုများ ရှိနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကန်ပိုက်တည် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“လက်မှတ်လုပ်ပေးတဲ့ နေရာက ပိတ်ထားတယ် အဲ့မှာ ခရီးသွားဖို့ အရေးကြီးတဲ့သူတွေက ပွဲစားတွေနဲ့ ညှိပြီး တော့ ပိုက်ဆံပေးပြီး သွားကြတယ်။ ၁ သိန်းခွဲ၊ ၃ သိန်း၊ ၅ သိန်း သွားပေးရတယ်တဲ့။ စောင့်ဆိုင်းတဲ့ ခရီးတွေ က လည်း အရေးတယ်ဆိုပြီး သွားလုပ်ကြတယ်လို့ ပြောတယ်။ ကျနော်တို့ကြားတာက လုံနယ်ဝန်ကြီးရုံးကနေ စစ် ထားခိုင်တယ်လို့ ပြောတာပဲ ကျန်တာက သေချာမသိရသေးဘူး” ဟု ပြောသည်။

ထို့နောက် ခရီးသွားပြည်သူများအနေဖြင့် နယ်စပ်ဂိတ်ဖြတ်သန်းခွင့် လက်မှတ် (စာအုပ်အနီ)အတွက် ငွေပေး ဆောင်ရသည်သာမက ညှိနှိုင်းပေးသည့် ပွဲစားများကိုလည်း ကျပ်သိန်းဂဏာန်း ပေးဆောင်နေကြရသည်ဟု ဆို သည်။

လက်ရှိ ကန်ပိုင်တည် နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ ပြည်သူများသည် တရုတ်နိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် အတွက် စောင့်ဆိုင်းနေကြပြီး တည်းခိုခန်း၊ ဘာသာရေးကျောင်း၊ ဂိုဒေါင်များနှင့် ဆွေမျိုးနေအိမ်များ တွင်ပါ ခိုလှုံနေကြရသည်။

ထိုသို့ လက်မှတ်လုပ်ပေးရန် စောင့်ဆိုင်းနေသည့် ရက်မှာ ကြာလာသည်နှင့်အမျှ တည်းခိုခန်းစရိတ်နှင့် စား သောက်စရိတ် ကုန်ကျမှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ကန်ပိုင်တည် ဒေသခံ အမျိုးသား တစ်ဦးက ဆက်လက်ပြောဆိုသည်။

“ရက်ရှည်သာ ယခုလို ပိတ်ထားရင် ရပ်ဝေးကလာတဲ့ သူတွေအတွက်ဆို အဆင်မပြေဘူး။ ဒီထဲမှာတွေ့ရတာက ရခိုင်ပြည်ကနေ လူတွေပိုများတယ်။ ကြာလာရင် သူတို့အတွက် စားဝတ်နေရေး အခက်အခဲ ဖြစ်လာတယ်။ တည်းခိုစရိတ်နဲ့ စားသုံးစရိတ်နဲ့ တော်တော်လည်း ဒုက္ခရောက်နေပြီလို့ သိရတယ်” ဟု ပြောသည်။

နယ်စပ်ဂိတ်တွင် လက်မှတ်စာအုပ်အသစ် ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားခြင်းပြီး နဂိုကတည်းက လက်မှတ်ရရှိ ထားသော သူများက ပုံမှန်အတိုင်း သွားလာခွင့်ရရှိနေသည်။

နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်အသစ် ပြုလုပ်ပေးမှုကို ပိတ်ထားရခြင်းနှင့် မည်သည့် အချိန်တွင် ပြန်လည် လုပ် ဆောင်ပေးမည်ကို သိရှိနိုင်ရန် ကန်ပိုက်တည်ဂိတ် လူဝင်မှုကြီးကြပ်ရေး (လဝက) ကို KNG အနေဖြင့် ဖုန်းဆက် သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုပေးခြင်း မရှိပေ။

ဒေသခံများ၏ ပြောဆိုချက်အရ နယ်စပ်ဂိတ်တွင် နှစ်ဆန်းပိုင်းအတွင်းမှ ယခု ဇွန်လအထိ လက်မှတ် လုပ်ပေးမှု ကို ရပ်ဆိုင်းခြင်း ၃ ကြိမ် ထက်မနည်းရှိခဲ့ပြီး ထိုသို့ ရပ်ဆိုင်းထားချိန်တွင် ငွေကြေးပေးနိုင်သူများကို နားလည်မှု ဖြင့် သွားလာခွင့်ပေးခဲ့သည်ဟု ဆိုကြသည်။

နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် (စာအုပ်အနီ) ကို ၂၀၂၁ ခုနှစ်အထိ မြန်မာကျပ်ငွေ ၅၀၀၀ သာ ပေးဆောင်ခဲ့ရပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ကျပ် ၁ သောင်းခွဲမှ ၂ သောင်းအထိ ပေးဆောင်ကြရသည်။

သို့သော် တရားမဝင်နည်းဖြင့် လုပ်နေသူများသည် ကျပ် တစ်သိန်းမှ ငါးသိန်းအထိ ပေးကာ စာအုပ်အနီ-Border Pass ကို လုပ်နေကြခြင်း ဖြစ်သည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...