ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် မုန်တိုင်းသင့် ပြည်သူများအတွက် ထောက်ပံ့ပေးအပ် သည့် ကယ်ဆယ်ရေး ငါးသေတ္တာဘူး များကို နယ်ခြားစောင့်တပ်သားများက အပြင်တွင် ပြန်ရောင်းစားနေ ကြ သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။
ဇွန် ၄ ရက်နေ့၊ နေ့လည်ပိုင်းတွင် မောင်တောမြို့၊ ရပ်ကွက် (၄) မှ စားသောက်ကုန်ဆိုင် တစ်ဆိုင်ကို စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် ရဲတပ်သားများက ကားဖြင့် လာရောက်ပြီး မုန်တိုင်းကယ်ဆယ်ရေး ငါးသေတ္တာ ဘူးများကို ရောင်းချခဲ့သည်ဟု ဆိုင်အနီးမှ မျက်မြင်ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အိမ်နားကဆိုင်မှာ နယ်ခြားစောင့်က ရဲကားနဲ့လာပြီး ကားအစီးလိုက် ငါးသေတ္တာဘူးတွေ လာရောင်းတာ။ ဆိုင်ရှေ့မှာ မချရဲကြလို့ အိမ်ထဲသွင်း ရောင်းကြတာ။ သူတို့တွေ ကယ်ဆယ် ရေးက ရတာတွေကို အပြင်ထုတ်နေတာ” ဟု ပြောသည်။
လာရောက်ရောင်းချသူများသည် မည်သည့်နယ်ခြားစောင့်တပ်ရင်းက ဆိုသည်ကိုမူ အတိအကျ မသိရသော် လည်း နယ်ခြားစောင့် ရဲကားနှင့် အရပ်သားအသွင်ယူကာ ကားတစ်စီးလုံး အပြည့် ငါးသေတ္တာဘူးများလာရောက် ရောင်းချခြင်း ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“နယ်ခြားစောင့် ဘယ်တပ်ကလဲတော့မသိ။ ကားကတော့ အဲဒီနယ်ခြားစောင့်က ကားနဲ့။ ကားထက်ကနေ တွန်း လှည်းနဲ့ချပြီး ခြံထဲကို သွင်းတယ်။ ပြည်သူတွေကို ပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ သူတို့ကိုယ်တိုင် အခုလို လုပ်နေကြတာ။ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကတော့ ဘဝပျက်နေကြရတယ်" ဟု ပြောသည်။
ယခုကဲ့သို့ အလားတူ လုပ်ရပ်များလည်း ရခိုင်ပြည်နယ်ထဲက အခြားသောနေရာများတွင်လည်း ဖြစ်ပေါ်နေပြီး ပြည်သူများ ဒုက္ခရောက်နေချိန်တွင် အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်က ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် အလွန်အောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
“ဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စ။ ကျနော်တို့ ဒီအချိန်ကာလမှာ အဓိကအကျိုးခံစားခွင့် ရှိသူတွေကို ပေးရမှာ။ ဆိုတော့ နိုင်ငံတကာက ပေးတာလည်း ဖြစ်ရင်ဖြစ်မယ်။ တခြားအဖွဲ့က အလှူရှင်တွေလည်း ပေးတာ ဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲလို ကြားကဖြတ်စားတာကတော့ အလွန်တရာမှ အောက်တန်းကျတဲ့ အလုပ် ဖြစ်ပါတယ်” ဟု ပြောသည်။
လေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများကို ရောင်းချနေမှုများကို တွေ့ ရှိရပါက အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပြီး ယခုလုပ်ရပ်အပေါ် အရေးယူမှု လုပ်/ မလုပ်ကို စောင့်ကြည့်ရမည်ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။
“အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီလို ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ခုလို လုပ်နေတာကတော့ တော်တော်အရုပ်ဆိုး အကျည်းတန်တယ်ပေါ့နော်။ ဒါတွေကို အထောက်အထားနဲ့တောင် ရတယ်ဆိုရင် သူတို့ကို တရားတောင်စွဲလို့ရတယ်။ ဒါကို လူသိရှင်ကြား ဖော်ထုတ်အရေးယူမှုတွေ လုပ်သင့်တယ်လို့ မြင်တယ်” ဟု သူက ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို မေးမြန်း ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
မုန်တိုင်းအလွန် ရက်ပေါင်း ၂၀ ကျော်ကြာသည့်အထိ ရခိုင်လေဘေးသင့် ပြည်သူအများစုမှာ စစ်ကောင်စီထံမှ အကူအညီများ မရရှိသေး၍ စားဝတ်နေရေးနှင့် နေထိုင်ရေး အခက်အခဲများကို ဆိုးဝါးစွာ ရင်ဆိုင်နေကြချိန်တွင် အာဏာပိုင် အဖွဲ့အစည်းအချို့က ယခုကဲ့သို့ မုန်တိုင်းသင့် ပြည်သူများအတွက် ဖြန့်ဝေထားသည့် ကယ်ဆယ်ရေး ပစ္စည်းများကို ရောင်းချနေခြင်းဖြစ်သည်။
(ဓာတ်ပုံ- နယ်ခြားစောင့်ရဲကားထက်မှ ငါးသေတ္တာဘူးဖာများအား သယ်နေသည်ကိုတွေ့ရစဥ်)ာက်ခံ နယ်ခြားစောင့် ရဲတပ်သားများက ကားဖြင့် လာရောက်ပြီး မုန်တိုင်းကယ်ဆယ်ရေး ငါးသေတ္တာ ဘူးများကို ရောင်းချခဲ့သည်ဟု ဆိုင်အနီးမှ မျက်မြင်ဒေသခံများက ပြောသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အိမ်နားကဆိုင်မှာ နယ်ခြားစောင့်က ရဲကားနဲ့လာပြီး ကားအစီးလိုက် ငါးသေတ္တာဘူးတွေ လာရောင်းတာ။ ဆိုင်ရှေ့မှာ မချရဲကြလို့ အိမ်ထဲသွင်း ရောင်းကြတာ။ သူတို့တွေ ကယ်ဆယ် ရေးက ရတာတွေကို အပြင်ထုတ်နေတာ” ဟု ပြောသည်။
လာရောက်ရောင်းချသူများသည် မည်သည့်နယ်ခြားစောင့်တပ်ရင်းက ဆိုသည်ကိုမူ အတိအကျ မသိရသော် လည်း နယ်ခြားစောင့် ရဲကားနှင့် အရပ်သားအသွင်ယူကာ ကားတစ်စီးလုံး အပြည့် ငါးသေတ္တာဘူးများလာရောက် ရောင်းချခြင်း ဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
“နယ်ခြားစောင့် ဘယ်တပ်ကလဲတော့မသိ။ ကားကတော့ အဲဒီနယ်ခြားစောင့်က ကားနဲ့။ ကားထက်ကနေ တွန်း လှည်းနဲ့ချပြီး ခြံထဲကို သွင်းတယ်။ ပြည်သူတွေကို ပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ သူတို့ကိုယ်တိုင် အခုလို လုပ်နေကြတာ။ မုန်တိုင်းသင့် ရခိုင်ပြည်သူတွေကတော့ ဘဝပျက်နေကြရတယ်" ဟု ပြောသည်။
ယခုကဲ့သို့ အလားတူ လုပ်ရပ်များလည်း ရခိုင်ပြည်နယ်ထဲက အခြားသောနေရာများတွင်လည်း ဖြစ်ပေါ်နေပြီး ပြည်သူများ ဒုက္ခရောက်နေချိန်တွင် အစိုးရတာဝန်ရှိသူများ ကိုယ်တိုင်က ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် အလွန်အောက်တန်းကျသည့် လုပ်ရပ်ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။
“ဒါကတော့ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စ။ ကျနော်တို့ ဒီအချိန်ကာလမှာ အဓိကအကျိုးခံစားခွင့် ရှိသူတွေကို ပေးရမှာ။ ဆိုတော့ နိုင်ငံတကာက ပေးတာလည်း ဖြစ်ရင်ဖြစ်မယ်။ တခြားအဖွဲ့က အလှူရှင်တွေလည်း ပေးတာ ဖြစ်ရင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အဲလို ကြားကဖြတ်စားတာကတော့ အလွန်တရာမှ အောက်တန်းကျတဲ့ အလုပ် ဖြစ်ပါတယ်” ဟု ပြောသည်။
လေဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများကို ရောင်းချနေမှုများကို တွေ့ ရှိရပါက အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပြီး ယခုလုပ်ရပ်အပေါ် အရေးယူမှု လုပ်/ မလုပ်ကို စောင့်ကြည့်ရမည်ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။
“အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီလို ပြည်သူတွေ ဒုက္ ခရောက်နေချိန်မှာ ခုလို လုပ်နေတာကတော့ တော်တော်အရုပ်ဆိုး အကျည်းတန်တယ်ပေါ့နော်။ ဒါတွေကို အထောက်အထားနဲ့တောင် ရတယ်ဆိုရင် သူတို့ကို တရားတောင်စွဲလို့ရတယ်။ ဒါကို လူသိရှင်ကြား ဖော်ထုတ်အရေးယူမှုတွေ လုပ်သင့်တယ်လို့ မြင်တယ်” ဟု သူက ဆက်ပြောသည်။