စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တွေ့ဆုံမှု နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တွေ့ဆုံမှု နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်

တရုတ်ကြားဝင် ညှိနှိုင်းပေးမှုအရ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) နဲ့ ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့တို့ တွေ့ဆုံမှုဟာ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ရှိလာနိုင် တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ် မတော် (TNLA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် ကိုးကန့်အဖွဲ့ (MNDAA) ကိုယ်စားလှယ်တွေ ဟာ စစ်ကောင်စီရဲ့ အမျိုးသားမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုအရ ဇွန် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ တွေ့ဆုံ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးအထူးသံတမန် မစ္စတာကောပေါင်ကလည်း တရုတ်ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုက တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး ထိုးစစ်တွေ ပြင်ဆင်နေချိန် ဖြစ်လာ တာကြောင့် နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်စေနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ် သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဒီနေ့လို စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့အတွက် ပြန်လှန်ထိုးစစ်တွေလုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဒီလိုအနေ အထားမျိုးတွေ ပေါ်ပေါက်လာတာဟာ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ အတားအဆီး ဖြစ်ပါတယ်။ သို့ သော်တချိန်တည်းမှာ ဒီလိုလုပ်ဆောင်မှုဟာ ဘာကြောင့် ဖြစ်လာတာလဲဆိုရင် တရုတ်ရဲ့ မြန်မာ့နိုင်ငံရေးအတွင်း ပါဝင်စွက်ဖက်မှုဟာ ရှိသင့်တဲ့အတိုင်းအတာထက် ပိုပြီးတော့ အလွန်အကျွံ စစ်ကောင်စီနဲ့ ပူးပေါင်းရေး၊ စစ် ကောင်စီ ဆက်လက်တည်တံ့ရေးလုပ်နေတဲ့အတွက် ပြည်သူတွေကို ကျောခိုင်းထားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

ဒါကြောင့် မြန်မာ့အရေး ဖြေရှင်းရာမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုအပေါ်  ဒီမိုကရေစီအင်အားစုတွေ ဖြစ်တဲ့ အမေရိကန် အပါအဝင် အနောက်ဥရောပနိုင်ငံတွေအနေနဲ့ တဆင့်တိုးပြီး လိုအပ်တဲ့ ပံ့ပိုးမှုတွေလုပ်နိုင်ဖို့ ကြိုးစား သင့်တဲ့ အချိန်ရောက်ပြီလို့ ဦးသန်းစိုးနိုင်က ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (NSPNC) တို့ တွေ့ဆုံ ဆွေး နွေးမှုနဲ့ ပတ်သက်ပြီး မေ ၃၁ ရက်နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

တရုတ်အရေး ကျွမ်းကျင်သူ ဒေါက်တာ လှကျော်ဇောကတော့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ဆွေး နွေးမှုက တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ သူတို့လိုချင်တာကို တရုတ်ကတဆင့် ပြောဆိုနိုင်ပေမယ့် တော် လှန်ရေးအပေါ် တော့ တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ သူတို့ ဘာလိုချင်တယ်ဆိုတာ တရုတ်ကနေ တဆင့် ပြော နိုင်တာပေါ့ဗျာ။ ဒါဟာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအတွက် အားကောင်းချက်ပေါ့။ အားနည်းချက်က လက်နက်ကိုင် တော်လှန်ရေး လုပ်နေတဲ့ ပြည်တွင်းက ရဲဘော်တွေအတွက် တစ်စုံတစ်ရာ ထိခိုက်နိုင်တာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆို တရုတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲပေါ်မှာ တွန်းတင်နေတော့ EAOs တွေအနေနဲ့ ကျန်တဲ့ CDM လုပ်ထားတဲ့သူတွေ နွေဦးတော်လှန်ရေးက PDF တွေကို ထောက်ခံရတာ အားပေးရတာ နည်းနည်းတန့် သွား တာတော့ ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ ဒီတွေ့ဆုံမှုဟာ ဖိအား တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးနေဘုန်းလတ်က “အခြေအနေတစ်ခုခုကြောင့် ဒါမှမဟုတ် ဖိအားတစ်စုံတစ်ရာကြောင့် တွေ့ဆုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုတွေ့ဆုံတယ်ဆိုတာ တစ်ခုတည်းတင် မဟုတ်ဘဲနဲ့ တကယ်လို့ တွေ့ဆုံကြတဲ့အခါမှာ ဘာ တွေ ပြောဆိုဆွေးနွေးကြသလဲ။ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးကြသလဲ။ ပြီးတော့ ဘယ်လိုသဘော တူ ညီချက်တွေရရှိခဲ့ သလဲဆိုတဲ့ ဒီကိစ္စကိုတော့ ဆက်လက်ပြီးတော့ စောင့်ကြည့်ဖို့လိုပါမယ်။ ဒီလိုမျိုး ဘာတွေ ပြောဆိုဆွေးနွေးပြီး ဘာသဘောတူညီချက်တွေ ရတယ်ဆိုတဲ့ဟာကို မသိရသေးခင်အချိန်မှာတော့ ကျွန်တော်တို့ သဘောထား မှတ်ချက် တစ်စုံတစ်ရာပေးဖို့ ခက်ခဲပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီတပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို စစ်သင်တန်းပေးပြီး လက်နက်ခဲယမ်းတွေ ကူညီထောက်ပံ့ပေးနေသလို တော်လှန်ရေးအဖွဲ့အစည်း တချို့နဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် တိုက်ထုတ်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ကြေညာထားတာပါ။

တစ်ဖက်မှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကလည်း မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခတွေ ပြေလည် ချုပ်ငြိမ်းရေးအတွက် တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှု အပေါ် ကြိုဆိုထောက်ခံတယ်လို့ မတ်လဒုတိယအပတ်အတွင်း ထုတ်ပြန်ခဲ့ပါ တယ်။

ဓာတ်ပုံ-Social Media

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...