KNDF ရဲ့ CDM ဌာနဖွဲ့စည်းပြီး တစ်နှစ်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦးရှိ

KNDF ရဲ့ CDM ဌာနဖွဲ့စည်းပြီး တစ်နှစ်အတွင်း ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦးရှိ

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်သားတွေကနေ စီဒီအမ် ( CDM ) ပြုလုပ်ပြီး ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ CDM ဌာနကို ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၁၀၈) ဦး ရှိတယ် လို့ ဌာနမှူး ကိုယုန်လေး က ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ၃၁ ရက်နေ့မှာ CDM ဌာနကို စတင်ဖွဲ့စည်းခဲ့ချိန်က CDM တပ်သား ၇ ဦးသာရှိခဲ့ပြီး နောက်ပိုင်း မှာ ခိုလှုံလာကြတဲ့ အရေအတွက်များလာတယ်လို့ ဆိုပါတယ်။ လက်နက်နဲ့အတူ CDM လုပ်လာတဲ့ တပ်သား တွေကို ဆုကြေးငွေတွေ ပေးတာလည်း ရှိခဲ့ပါတယ်။

”ကျနော်တို့ဒီ ၅လပိုင်း ၃၁ ရက်နေ့မှစပြီးတော့ဖွဲ့ပြီးနောက်ပိုင်းမှာ တောက်လျှောက်လာတယ်ပေါ့နော်။ ဘယ်ချိန် ပိုပြီးစိပ်လာလဲဆိုရင် ၉လပိုင်း ၁၀လပိုင်း ပြီးတော့ ၂၀၂၃ ၊ ၂လပိုင်းထိ တောက်လျှောက်စိပ်လာတယ်” လို့ ကိုယုန် လေးက ပြောပါတယ်။

တစ်နှစ်အတွင်း ခိုလှုံကြတဲ့ တပ်သားအများစုဟာ စစ်ကောင်စီရဲ့တပ်မ (၆၆) လက်အောက်ခံ တပ်သားတွေ ဖြစ် ကြပြီး စစ်ကြောင်းထိုးရင်းနဲ့ တိုက်ပွဲအတွင်း ထွက်ပြေးလာပြီး CDM ကူးပြောင်းတဲ့ပုံစံမျိုး များပြားတယ်လို့ သိရ ပါတယ်။

CDM တပ်သားတွေကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကနေ တစ်ဦးကို ၇ သောင်းနှုန်းနဲ့ လစဉ် ထောက်ပံ့ကြေးပေးနေတာ ၇ လခန့် ရှိနေပြီလို့ ကိုယုန်လေး က ပြောပါတယ်။

စစ်ကောင်စီတပ်တွင်း ရိုက်သွင်းထားခဲ့တဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာအောင် CDM စစ်သားတွေကို အမြင် ဖွင့်သင်တန်းတွေ ပေးနေတယ်လို့လည်းဆိုပါတယ်။ အမြင်ဖွင့်သင်တန်းကြောင့် CDM စစ်သားအများစုဟာ အမှန်တရားကို လက်ခံလာနိုင်ကြပြီလို့လည်း ကိုယုန်လေး က ဆက်ပြောပါတယ်။

“တစ်ချိန်လုံး စစ်တပ်တွေက ကျနော်တို့ကို ဂျင်းထည့်ထားတာ။ ကျနော်တို့က တပ်မတော်ပါ တပ်မတော်က မြန်မာကို ကာကွယ်တယ်။ ပြည်သူလူထုကိုကာကွယ်တယ်ဆိုတဲ့ အသုံးအနှုန်းတွေဟာ ဘယ်လောက်ထိ လက် တွေ့ကျလဲ။ ဘယ်လောက်ထိလွဲနေလဲဆိုတာကို ကျနော်တို့ အဲ့လိုချပြတာမျိုးတွေပေါ့နော” လို့ ကိုယုန်လေး က ပြောပါတယ်။

CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အချိန်မရွေး ခိုလှုံနိုင်ပြီး တပ်သားတွေကိုလည်း ကြို ဆိုလက်ခံသလို တော်လှန်ရေးကာလမှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ပေးကြဖို့ကိုလည်း သူက တိုက် တွန်းထားပါတယ်။

KNDFရဲ့ ညွှန်ကြားမှု လမ်းညွှန်ချက်တွေနဲ့အညီ လည်ပတ်နေတာဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်မှာ စစ်ကူသွားခြင်း၊ အမြင်ဖွင့်သင်တန်းပို့ချခြင်း၊ CDM တပ်သားတွေ ဝင်ငွေရရှိဖို့ အခွင့်အလမ်းဆောင်ရွက်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးတယ်လို့လည်း သိရပါတယ်။

KNDF ဥက္ကဋ္ဌခွန်းဘီထူးက “စစ်ကောင်စီရဲ့ ရည်မှန်းချက်က သူတို့အာဏာတည်မြဲရေးအတွက် သူတို့ အကျိုး စီး ပွားဖြစ်ထွန်းရေးအတွက် တိုင်းပြည်ကိုအုပ်ချုပ်လိုက်တယ်။ ပြီးတော့ ရဲဘော်တွေကို တုတ်သဖွယ် လက်နက် သဖွယ် သုံးပြီးမှ သူတို့မကောင်းတဲ့အလုပ်ကို လုပ်ခိုင်းတယ်။ လူထုကိုနှိမ်နင်းတာတွေ သတ်ဖြတ်တာတွေ မီးရှို့ တာတွေ အားလုံးကို သူတို့ပေါ်လစီအနေနဲ့ ကျင့်သုံးပြီးတော့မှ သူတို့ရဲ့ လက်ရှိတပ်တွေကို သုံးနေတယ်ပေါ့။ ထွက်ဆိုချက်တိုင်းမှာ တပ်သားတွေက ဒါကိုမလိုလားဘူးလို့ ကျနော်တို့သိထားတဲ့အတွက် တပ်သားတွေတိုင်း က လည်း ဒီအခြေအနေကိုဆက်ပြီးတော့မှ တွန်းလှန်းသင့်တယ်။ စစ်ကောင်စီရဲ့အမိန့်တွေကို ဖီဆန်သင့်တယ်။ ဒါ တွေလုပ်မှသာလျှင် ကျနော်တို့ရဲ့တိုက်ပွဲက ပိုပြီးတော့မှ တော်လှန်ရေးက ဘက်စုံတော်လှန်ရေးပါ” လို့ ပြောပါ တယ်။

စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ တပ်သားတွေ ဌာနဆိုင်ရာဝန်ထမ်းတွေက စစ်တပ်ကို ငြင်းဆန်မှု အားကောင်းမှသာ တော်လှန်ရေး အားကောင်းမှာဖြစ်ပြီး လူထုတွေ မျှော်လင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်ရရှိမယ်လို့ ခွန်းဘီးထူးက ဆက်ပြောပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...