စစ်တပ် ကျိုက်ထိုမြို့နယ်ထဲ ဖြတ်လေးဖြတ်ကို အသက်သွင်းနေကြောင်း တော်လှန်ရေး အင်အားစုများပြော

စစ်တပ် ကျိုက်ထိုမြို့နယ်ထဲ ဖြတ်လေးဖြတ်ကို အသက်သွင်းနေကြောင်း တော်လှန်ရေး အင်အားစုများပြော
Photo - KIC
Photo - KIC

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ လမ်းများအား ပြီးခဲ့သည့် မေလတတိယ အပတ်မှစ၍ စစ်ကောင်စီက ဖျက်ဆီး မှုများလုပ်ဆောင် နေခြင်းသည် ဖြတ်လေးဖြတ်ကို အသက်သွင်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆို လိုက်သည်။

ကျိုက်ထိုမြို့နယ်တွင် မေလ ၁၉ရက်မှ ၂၁ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သော လမ်း စုစု ပေါင်း (၅)လမ်းအထိရှိလာပြီဖြစ်သလို ရှေ့ဆက်တွင် တော်လှန်ရေး အင်အားစုများ၏နယ် မြေများအား လေ ကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

၎င်းက “လမ်းတွေအကုန်လုံးကိုတော့ သူတို့ဖျက်မယ်မထင်ဘူး။ တချို့ သူတို့ကို အန္တရာယ်ပေးနိုင်တဲ့ လမ်းတွေ ကို ဖျက်ပြီး ထိန်းထားနိုင်မယ်ထင်တဲ့နေရာတွေကိုတော့ မဖျက်လောက်ဘူး။ ပြီးတော့ ဖြတ်လေးဖြတ် အသက် ဝင်လာရင် လေကြောင်းနဲ့တိုက်ခိုက်လာနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။

ထို့အပြင် လတ်တလောတွင် ကျိုက်ထိုမြို့နယ် အတွင်းရှိ တော်လှန်ရေး အင်အားစု နယ်မြေအချို့တွင် စစ်ကောင် စီဘက်မှ လေကြောင်းပျံဝဲခြင်းများ လုပ်ဆောင်လာကြောင်းလည်း ကေအဲန်ယူ သတင်းအရင်းအမြစ်များက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း “ဖြတ်လေးဖြတ်ဆိုတာ ဟိုးအရင်ကတည်းက နယ်မြေ အတော်များများ မှာ သူတို့လုပ်လာတာတွေပါ။ လောလောဆယ်ကတော့ လမ်းဖျက်တာပဲရှိသေးတယ်။ ဒါပေမယ့် လမ်းဖျက်တာ နဲ့ ရိက္ခာပါ ပြတ်ပြီးသားဖြစ်သွားပြီလေ။ နောက်တစ်ခုက မြို့တွေမှာ အင်အားပြန်တည်ဆောက်ဖို့ လုပ်နေတယ် လို့ မြင်တယ်။ အဲ့ဒါကြောင့်လည်း သူတို့ စစ်တပ်ဝင်း တွေနဲ့နီးတဲ့လမ်းတွေကို ဖျက်ဆီးနေတာပါ” ဟု သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်များကြောင့် အဓိကအားဖြင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုထိခိုက်ပြီး အရပ် သားများ၏ သွားလာရေးနှင့် အလုပ်လုပ်ကိုင်ရာတွင် ခက်ခဲမှုများရှိလာသလို ဆန်သယ်ဆောင်ခွင့် ကန့်သတ်ခြင်း နှင့် စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေး စိုးရိမ်ပူပန်နေကြသည်ဟု ကျိုက်ထိုမြို့ခံများက ပြောသည်။

အလားတူ ယခုလအတွင်း ကေအဲန်ယူ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဖြစ်သော ဒူးပလာယာ ခရိုင်တွင်လည်း စစ်ကောင်စီက လမ်းများ ဖျက်ဆီးခဲ့မှုကြောင့် ဒေသခံများ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ဖြတ်သန်းသွားလာရေး အခက်ကြုံလာရသလို တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ သံတောင်ဒေသနှင့် တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ဆောင်ခွင့်ကန့်သတ်ခြင်း၊ လျှပ်စစ်မီးဖြတ် တောက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...