မုန်တိုင်းဒဏ်သင့်ဒေသတွေထံ ကူညီခွင့်ရဖို့ ဆွေးနွေးနေရဆဲ

မုန်တိုင်းဒဏ်သင့်ဒေသတွေထံ ကူညီခွင့်ရဖို့ ဆွေးနွေးနေရဆဲ

မြန်မာနိုင်ငံကို မိုခါမုန်တိုင်းဝင်ရောက်တိုက်ခိုက်ပြီး တစ်ပတ်ကျော်ကြာတဲ့အထိ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ နေ ပြည်တော်ရှိ စစ်ကောင်စီနဲ့ ဆွေးနွေးနေဆဲလို့ ကုလသမဂ္ဂ လူ သားချင်း စာနာမှုဆိုင် ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအားလုံးအတွက် နှစ်ပတ် စာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေပြီး စစ်ကောင်စီနဲ့ ဆွေးနွေးချက်ပေါ် အခြေခံကာ ဖြန့်ဖြူးရေး အစီအစဉ် အသေးစိတ်ကို မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးကတော့ မြေပြင်မှာဆေးဝါးသယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ အတွက် ဝမ်းရောဂါဖြေရှင်းဖို့ အခက်အခဲရှိနေသလို နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ကူညီ ခွင့်မပြုသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဖြစ်နေတဲ့ အနေအထားမျိုးမှာက ကန်ထဲကရေကို မထုတ်နိုင်ဘူးဆိုရင် ဝမ်း ရောဂါအရင်ဆုံးစဖြစ်မှာပဲ။ အဲဒီ ဝမ်းရောဂါကိုဖြေရှင်းဖို့ တော်တော်လေးအခက် အခဲဖြစ်တယ်။ ပထမတစ်ချက်က ဆေးဝါးသယ်ယူခွင့်မရ ဘူး။ အကန့်အသတ်တွေ အများကြီးရှိတယ်။ နယ်လုံလက်မှတ်ပါမှဆိုတဲ့ပုံစံမျိုး။ နောက် UN အဖွဲ့အစည်းတွေ ဆိုရင် လည်း သူတို့ကြားထဲမှာ ဘယ်လိုရှိမယ်ဆိုတာ မသိဘူးဆိုပေမယ့် ကျွန် တော်တို့ ထင်သလောက် သူတို့ လည်း ကြိုတင်ပြင်ဆင်တဲ့အပိုင်းတွေရှိမယ်လို့ ထင်ပါတယ်။သူတို့ ကြိုပြင်ပြီးပြင်ထားတာ ဖြစ်ကောင်း ဖြစ်နိုင် တယ်။ ဒါပေမယ့် အခုမုန်တိုင်းလွန်ပြီး တစ်ပတ်ကျော်လာတဲ့အထိ ခွင့်မပြုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” လို့ သူက ဆိုပါတယ်။

စစ်တွေနဲ့ ရသေ့တောင်တို့ဟာ ရခိုင်ပြည်နယ်က အဆိုးရွားဆုံးမုန်တိုင်းဒဏ်သင့် ဒေသတွေဖြစ်တဲ့အတွက် အများ ပြည်သူ အခြေခံအဆောက်အအုံတွေ ပျက်စီးတာအပြင် ရေဖြန့်ဖြူးတဲ့စနစ် ပြတ်တောက်မှုတွေကြောင့် သန့်ရှင်း တဲ့ သောက်သုံးရေရရှိဖို့ အခက်အခဲဖြစ်နေပြီး ကူးစက်ရောဂါ ဖြစ်ပွား စေနိုင်တယ်လို့ UNOCHA က မေ ၂၁ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်တွေမြို့နယ်အပါအဝင် တခြားသော မြို့နယ်အတော်များများမှာ မုန်တိုင်းဒီရေကြောင့် သောက်သုံးရေကန်တွေ ထဲ ဆားငံရေဝင်ရောက်လာနေတဲ့အတွက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ရေတွေစုပ်ထုတ်နေရတယ်လို့ မြေပြင်  ကယ် ဆယ်ရေးလုပ်ဆောင်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က  စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်တပ်ကားတစ်စီးနဲ့ ရေသယ်ယာဉ် ဘောက်ဆာ တစ် စီးတို့ ထားရှိပေးပြီး ရေသန့်ထုတ်ပေးနေတာရှိပေမယ့် စစ်တွေမြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ဒေသခံ တွေက ဆိုကြပါတယ်။

မြေပြင်လိုအပ်ချက် အများကြီးထဲက သောက်သုံးရေသန့်ရရှိဖို့ အရေးတကြီးလိုအပ်နေပြီး စားနပ် ရိက္ခာ၊ အမိုး အကာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ရခိုင်ဒေသခံတချို့နဲ့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူ တွေက သံလွင်တိုင်းမ်ကို တစ်ညီတစ်ညွတ်တည်း ပြောဆိုကြပါတယ်။

စစ်ကောင်စီဘက်က စစ်တွေမြို့ပေါ်ရပ်ကွက်တစ်ချို့မှာ စစ်တပ်ကားတစ်စီးနဲ့ ရေသယ်ယာဉ် ဘောက်ဆာ တစ်စီးတို့ ထားရှိပေးပြီး ရေသန့်ထုတ်ပေးနေတာရှိပေမယ့် စစ်တွေမြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

“ရေသန့်ကလည်း ဝယ်လို့မရတော့ဘူး။ မြို့ပေါ်မှာ တအားရှားသွားပြီ။ ပြီးရင် တချို့ရွာတွေမှာ လုံးဝကို ကန်ကပျက်သွားတာကြောင့် သောက်ရေက လုံးဝအခက်အခဲဖြစ်နေတယ်။ တချို့ရွာတွေဆိုတ ခြားရွာမှာ သွားခပ်ရတဲ့အဆင့်တောင် ဖြစ်သွားပြီ” လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရသေ့တောင်နဲ့ မောင်တောမြို့နယ်အတွင်းက အငူမော်-မောင်တောလမ်းတစ်လျှောက်ရှိ ကမ်းရိုးတန်း ကျေးရွာ က တိရစ္ဆာန်တွေအများအပြား ဆိုးရွားစွာပျက်စီးဆုံးရှံးမှုတွေရှိခဲ့သလို မောင်တောမြို့နယ်တောင်ပိုင်းက ကျေး ရွာငါးရွာရှိ စာသင်ကျောင်းတွေအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့နေရတာလို့ UNOCHA က ဆိုပါတယ်။

ဒါ့အပြင်ရှိနှင့်ပြီးသား ခွင့်ပြုချက်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက စားနပ်ရိက္ခာနဲ့ အရေးကြီးတဲ့ ကူညီ ကယ် ဆယ်ရေး ပစ္စည်းတွေ ဦးစားပေးဖြန့်ဝေပေးထားပြီး အပိုထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ အကူအညီပေးခွင့် အတည်ပြုချက်ရရှိတာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မေ ၂၁ ရက်နေ့ ညနေပိုင်းအထိ စာရင်းတွေအရ မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည် နယ် မှာနေထိုင်သူ ၁၄၈ ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကတော့ မေ ၁၇ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ သေဆုံးသူ ၄၀၀ ကျော်ရှိတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံက မုန်တိုင်းဖြတ်ကျော်သွားတဲ့ လမ်းကြောင်းမှာ လူဦးရေ ၅ သန်းကျော်ဟာ ဆိုးရွားစွာ မုန်တိုင်း ဒဏ် သင့်ခဲ့ရပြီး အဲဒီထဲက ၃ သန်းကျော်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ UNOCHA က မေ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - UNOCHA

Most read this week

November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...
ဓာတ်ပုံ-CJ
November 12, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန်...