အင်းတော်တွင် ABSDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

အင်းတော်တွင် ABSDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့

ကသာခရိုင် အင်းတော်မြို့နယ် မှော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော် ABSDF နှင့် စစ်ကာင်စီတပ်တို့ကြား ယနေ့ (မေလ ၂၂ ရက်နေ့) နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီ တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် အင်းတော်မှ ဗန်းမောက်ဘက်သို့ ဝင်ရောက်လာစဥ် အင်းတော်မြို့နယ် မော်တိတ် ကျေးရွာနှင့် နန့်သာကျေးရွာကြားတွင် ABSDF တပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ သည်။

မော်တိတ်ဒေသ အောင်းကုန်းကျေးရွာမှ အမျိုးသားတစ်ဦးက “သူတို့က ဗန်းမော်ဘက်ကိုသွားတာ အဲ့တာကို ဒီဘက် (ABSDF) က မှော်တိတ်နဲ့ နန့်သာကြားမှာ ရတနာကုန်းကျေးရွာ ဆိုတာရှိတယ်။ အဲ့ရတနာကုန်း နားလေး မှာ တိုက်ခိုက်တာ။ တိုက်ပွဲက မနက် ၆ နာရီကျော်ကနေ စဖြစ်တာ ၇ နာရီ ကျော်လောက်အထိကို ဖြစ်ကြ တယ်” ဟု KNG သတင်းဌာနကို ပြောသည်။

တစ်နာရီကျော်ကြာသည့် ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ လည်းရှိပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုရှိ မရှိအတည်ပြုနေဆဲ ဖြစ်သည်။

ဟု အင်းတော် PDF မှ တာဝန်ရှိ သူတစ်ဦးက “စစ်ကြောင်းက အဲ့ဘက်ကိုအင်အားဖြည့်တာ ၁၀၀ ကျော် တော့ပါ တယ်။ ဒီမနက်က တိုက်ခိုက်ခံရတယ်။ ထိခိုက်သေဆုံးမှုမရှိမရှိ မြေပြင်သတင်းမရသေးဘူး” ပြောသည်။

တိုက်ခိုက်ခံရသည့် ယင်းစစ်ကြောင်းသည် တိုက်ပွဲအပြီး မော်တိတ်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေပြီး ဗန်းမောက်ဘက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ကချင် - စစ်ကိုင်းအစပ် အင်းတော်၊ ဗန်းမောက်မြို့နယ်များတွင် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဆက်တိုက်လုပ်နေပြီး မြေပြင်တွင်လည်း နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ဗန်းမောက်မြို့နယ်ဘက်သို့ လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့် လည်း စစ်အင်အားဖြည့်တင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

မော်တိတ်ဒေသဘက်ရှိ နန့်သာ၊ အောင်းကုန်း၊ တုံးတော် စသည့် ကျေးရွာဘက်တွင် စစ်ကောင်စီတပ်သည် ပြီးခဲ့ သည့် မတ်လ ဆန်းပိုင်းမှစပြီး ဝင်ရောက်တပ်စွဲနေမှုကြောင့် ကျေးရွာအများအပြား တောတောင်များတွင် စစ်ဘေးရှောင်နေရဆဲ ဖြစ်သည်။

အင်းတော်ဒေသတွင် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက စပြီး KIA၊ PDF တို့မှ တိုက်ပွဲဖော်ဆောင်ခြင်း မရှိသော ကြောင့် စစ်ကောင်စီတပ်သည် အင်းတော်မြို့နယ်အတွင်း လွတ်လပ်စွာ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကျေးရွာများ တွင်လည်း ဝင်ရောက်တပ်စွဲလျက်ရှိနေသည်။

သို့သော် ယနေ့ နံနက်ပိုင်းတွင် ဗန်းမောက်နယ်ဘက်သို့ စစ်ကြောင်းတစ်ဖန် ပြန်လည် ဝင်ရောက်လာသောကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...